ဒုတိယပိုင်းမှာ ဆိုးရွားတဲ့ကစားပုံကြောင့် ဂိုးတွေပြန်ပေးခဲ့ရတာပါ။

အာဆင်နယ်အသင်းခေါင်းဆောင် ဂရန်းနစ်ရှာခါဟာ ယမန်နေ့က ကစားခဲ့တဲ့ ဝက်ဖို့ဒ်အသင်းနဲ့ပွဲစဉ် ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းက ကြောက်ရွံ့နေခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့တယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အာဆင်နယ်အသင်းအတွက် အော်ဘာမီယန်းက ပထမပိုင်းမှာ အဖွင့်ဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့တာဖြစ်ပြီး အိမ်ရှင်ဝက်ဖို့ဒ်အသင်းကို သက်တောင့်သက်သာနဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်းဟာ လုံးဝ ကွဲပြားခြားနားသွားခဲ့ပြီး အိမ်ရှင်ဝက်ဖို့ဒ်အသင်းအတွက် ကလီဗာလေနဲ့ ရောဘတ်တိုပယ်ရဲရာတို့က ချေပဂိုးတွေကို သွင်းယူပေးခဲ့ကြတာဖြစ်ပြီး အာဆင်နယ်အသင်းဆီက သရေတစ်မှတ် ခွဲယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဝက်ဖို့ဒ်အသင်းဟာ အာဆင်နယ်အသင်းကို အနိုင်ရရှိနိုင်လောက်တဲ့ အံ့အားသင့်ဖွယ်အခွင့်အရေးတွေ ရရှိခဲ့ပြီး အာဆင်နယ်အသင်းခေါင်းဆောင် ရှာခါက အသင်းအနေနဲ့ မိနစ် ၉၀ အဆုံးမှာ တစ်မှတ်လောက်ရခဲ့တာကိုပဲ ပျော်ရွှင်ခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“စိတ်ပျက်မိတာအမှန်ပါပဲ။ ကျွန်တော်တို့ ဒီနေ့ ဒုတိယပိုင်းကစားပုံကြောင့် ပေးဆပ်ခဲ့ရတာပါ”

“ကျွန်တော်တို့ ကောင်းမွန်တဲ့ပထမပိုင်း ရရှိခဲ့ပါတယ်။ အတူတူ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုက်စစ်နဲ့ ခံစစ်ကြားမှာ ကောင်းမွန်တဲ့ဟန်ချက်ညီမှုရှိခဲ့ပါတယ်”

“ကျွန်တော်တို့ ၂ ဂိုး ဂိုးမရှိ သွင်းယူနိုင်ခဲ့တယ်။ ခင်ဗျား အဝတ်လဲခန်းထဲကို သွားတယ်။ အားလုံးက ကောင်းမွန်နေတယ်။ အားလုံးက ပျော်ရွှင်နေတယ်။ ပြီးတော့ ခင်ဗျား ပြန်ထွက်လာတော့ ဒီလို ဆိုးရွားတဲ့ဒုတိယပိုင်းကို ကစားခဲ့တယ်။ ခင်ဗျား အဲဒီအတွက် ပြန်ပေးဆပ်ခဲ့ရတယ်။ အဆုံးမှာတော့ ကျွန်တော်တို့ ၁ မှတ်ရယူနိုင်ခဲ့တာကို ပျော်ရွှင်မိပါတယ်လို့ ခင်ဗျား ပြောရမှာပဲ”

“ကျွန်တော်တို့ ပထမပိုင်းတုန်းက ပုံစံမျိုး မရှိခဲ့ဘူး။ ကျွန်တော်တို့ ဒုတိယပိုင်းမှာ အရမ်းကြောက်နေခဲ့တယ်”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က