နောက်ထပ် ၄ပွဲထပ်နိုင်ရင် ချန်ပီယံ ဖြစ်ပါပြီ။

ပရီးမီးယားလိဂ် ၁၈ပွဲဆက် အနိုင်ရတဲ့စံချိန်ကို မန်စီးတီးက ၂၀၁၇မှာ တင်ရှိထားတာပါ။

Image result for liverpool fc



အိမ်ကွင်းမှာ ကစားခဲ့ပေမယ့်လည်း လီဗာပူးတို့ ဝက်စ်ဟမ်းကိုနောက်က လိုက်ကစားခဲ့ရပြီး ပွဲအပြီးမှာတော့ ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

လီဗာပူးအသင်းကတော့ နိုင်ပွဲနဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်ထားနိုင် ဆဲ ဖြစ်သလို လက်ရှိမှာလည်း မန်စီးတီးအသင်း တင်ရှိထားတဲ့ စံချိန်တစ်ခုကို လိုက်မီသွားပြီလို့ BBC SPORT သတင်း ဌာနက ဖော်ပြလာပါတယ်။

ဒီစံချိန်ကတော့ ၂၀၁၇ ခုနှစ်တုန်းက မန်စီးတီးအသင်း တင်ရှိနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်မှာ ၁၈ပွဲဆက် အနိုင်ရတဲ့စံချိန်ကို လိုက်မီခဲ့တာပါ။

Image result for liverpool fc

လီဗာပူးအသင်းအနေနဲ့ အင်္ဂလိပ်ဘောလုံးပြိုင်ပွဲမှာ အမှတ်လျော့ထားတဲ့ နောက်ဆုံးပွဲက ယူနိူက်တက်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ အောက်တိုဘာလက ပွဲတစ်ပွဲတည်းသာရှိတာပါ။

ဒါ့အပြင် လီဗာပူးဟာ အိမ်ကွင်းမှာ လိဂ် ၂၁ ပွဲဆက်အနိုင်ရတဲ့ စံချိန်ကိုလည်း တင်ရှိနိူင်ခဲ့ပြီး ဒီစံချိန်ကိုတော့ ၁၉၇၂ ဇန်နဝါရီကနေ ဒီဇင်ဘာထိ လီဗာပူးအသင်း တင်ရှိထားတဲ့စံချိန်ကိုပင် ပြန်ပြီး လိုက်မီနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးကတော့ လက်ကျန် ၁၁ ပွဲမှာ နောက်ထပ် ၄ ပွဲအနိုင်ရရုံနဲ့ ချန်ယံဆုကို သိမ်းပိုက်နိုင်ပြီ ဖြစ်ပြီး အစောဆုံး ကစားရမယ့် လေးပွဲကတော့ ဝက်ဖို့ဒ်၊ဘုန်းမောက်၊အဲဗာတန်နဲ့ပဲလေ့စ်အသင်းတို့နဲ့ပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က