ဂျိုကိုးလ်အနေနဲ့၂၀၁၈ကတည်းက ချဲလ်ဆီးအကယ်ဒမီနည်းပြအဖွဲ့ဝင်တစ်ယောက်အဖြစ်ရှိနေခဲ့တာပါ။

နည်းပြမိုယက်စ်အနေနဲ့ ဝက်စ်ဟမ်းအသင်းကို စပြီးတာဝန်ယူထားတဲ့ ၂ပွဲလုံး နိုင်ပွဲရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြဖြစ်သူ မိုရက်စ်အနေနဲ့ အသင်းရဲ့နည်းပြအဖွဲ့အတွင်း အတွေ့အကြုံရှိသူ များပိုပြီးပါဝင်လာရေးအတွက် ချဲလ်ဆီးအသင်းရဲ့ လူငယ်နည်းပြအဖြစ်တာဝန်ယူနေတဲ့ ဂျိုကိုးလ်ကို ခေါ်ယူလိုနေတယ်လို့ thesun ကဖော်ပြလာပါတယ်။

ချဲလ်ဆီးအသင်းရဲ့ လူငယ်စီမံကိန်းတွေအပြင် အကယ်ဒမီမှာပါ နည်းပြအဖြစ် တာဝန်ယူနေတဲ့ ဂျိုကိုး လ်ဟာ လက်ရှိချဲလ်ဆီးနည်းပြအဖြစ် တာဝန်ယူနေတဲ့ နည်းပြလမ်းပတ်နဲ့အတူ ဝက်စ်ဟမ်းအသင်းအ ကယ်ဒမီကနေထွက်ပေါ်လာခဲ့တဲ့ ကစားသမားဟောင်းတွေလည်းဖြစ်ပါတယ်။



“ ပရော်ဖက်ရှင်နယ်လောကဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်တိုင်းကိုလေးစားပါတယ်။ ဒါပေမဲ့ နည်းပြအဖွဲ့ အတွက် အတွေ့အကြုံပိုင်းရှိတဲ့သူတွေလိုအပ်တာကတော့ ငြင်းလို့မရပါဘူး။ ဂျိုကိုးလ်သာကို ဖိတ်ခေါ် ဖို့ကတော့ အသင့်ပါပဲ ” လို့ ဝက်စ်ဟမ်းနည်းပြမိုယက်စ်က talksports နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီ အစဉ်မှာ ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ဝက်စ်ဟမ်းအသင်းနည်းပြအဖွဲ့တွင် ဆီဗီလာလက်ထောက်နည်းပြဟောင်းအန်ဇိုမာရက်ဇ်ကာ၊ နည်းပြေ ဟာင်းပယ်လီဂရီနီရဲ့လက်ထောက်နည်းပြဟောင်းအလန်အိုင်ဗင်တို့သာ ရှိနေခဲ့တဲ့အတွက် ကစားသ မားဘဝအောင်မြင်မှုများစွာရရှိခဲ့တဲ့အပြင် ပရီးမီးယားလိဂ်အတွေ့အကြုံရှိတဲ့ ဂျိုကိုလ်းကို နည်းပြမိုရက် စ်က ခေါ်ယူလိုနေတာပါ။

ဂျိုကိုးလ်ကို ဝက်စ်ဟမ်းအသင်းဆီ လာရောက်ပူးပေါင်းဖို့ နည်းပြမိုရက်စ်က တရားဝင်ဖိတ်ခေါ် ခဲ့ပေ မ ယ့် ချဲလ်ဆီးအသင်းနဲ့ ကာယကံရှင်ဖြစ်သူကိုယ်တိုင်က တစ်စုံတစ်ရာတုံပြန်ပြောဆိုခဲ့ခြင်းမရှိ သေးတဲ့ အတွက် အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်ခြေနည်းပါးတယ်လို့ ဗြိတိန်မီဒီယာတွေဖြစ်တဲ့ dailymail၊ Mirror တို့က သုံးသပ်ဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

Share

Loading Next Article...
က္က