စပါးအသင်းက ရလဒ်ဆိုးတွေ တောက်လျှောက်ကြုံတွေ့ထားတာပါ။

တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း ဒီမီိတာဘာဘာတော့ဗ်က ယနေ့ညနေမှာ ယှဉ်ပြိုင်ကစားရမယ့် ဝက်စ်ဟမ်းယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ပွဲစဉ်ဟာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့သာ ပြီးဆုံးသွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ညနေမှာ ၅ နှစ်ကြာ ကိုင်တွယ်လာတဲ့ နည်းပြပိုချက်တီနိုကို ထုတ်ပယ်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့နံနက်မှာ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ် ၅ ပွဲစလုံးမှာ အနိုင်ရလဒ် ရရှိထားခြင်းမရှိဘဲ ၃ ပွဲသရေ ၂ ပွဲရှုံးရလဒ်သာ ရရှိထားပြီး နည်းပြသစ်မော်ရင်ဟိုအနေနဲ့ အသင်းကို ဘယ်လို ပုံစံကောင်း ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်မလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်ဟာ ပုံမှန်အားဖြင့် ပြင်းထန်တဲ့ လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တာကြောင့် နည်းပြမော်ရင်ဟိုရဲ့ ပွဲဦးထွက်ကိုင်တွယ်ရမယ့်ပွဲစဉ်ဟာ စိန်ခေါ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

“အားလုံးရဲ့မျက်လုံးတွေကတော့ ဒီပွဲအပေါ်မှာပဲ ရှိနေကြမှာဖြစ်ပြီး ဓာတ်ပုံသမားတွေကလည်း စပါးအသင်း နည်းပြခုံမှာ ထိုင်နေတဲ့ မော်ရင်ဟိုရဲ့ပုံတွေကို ရဖို့ တန်းစီစောင့်ဆိုင်းနေကြမှာပါ။ ကစားသမားတွေကတော့ သူတို့ ဘယ်လောက်အထိ ကောင်းလဲဆိုတာကို ပြသချင်နေကြမှာဖြစ်ပေမယ့် ကျွန်တော့်အတွက် ဒီအချိန်က သူတို့ဆီကနေ ကြီးမားတဲ့တုံ့ပြန််မှုမျိုး ရဖို့အတွက် နည်းနည်းအချိန်လိုသေးတယ်လို့ ထင်ပါတယ်။ အဲဒီတော့ သူတို့ ဝက်စ်ဟမ်းနဲ့ပွဲမှာ အခက််အခဲအနည်းငယ်ရှိကြလိမ့်မယ်လို့ ကျွန်တော် မြင်နိုင်ပါတယ်”လို့ Metro ကို ပြောကြားသွားခဲ့ပါတယ်။

Share

က္က