လက်ရှိတော့ သက်သာပြီလို့ သိရပါတယ်။

 ပရိသတ်တွေရဲ့ အချစ်တော်လေး သဇင်ထူးမြင့်ကတော့ ပညာရေးကတစ်ဖက် အလုပ်က တစ်ဖက်နဲ့မို့ နေမကောင်း ဖြစ်သွားတယ်လို့ သိရပါတယ်။ ညတွင်းချင်းပဲ ဆေးရုံပြေးလိုက်တယ်တဲ့။

 

သဇင်ထူးမြင့်တစ်ယောက် နေမကောင်းဖြစ်လို့ ညတွင်းချင်း ဆေးသွင်းလိုက်ရတယ်လို့ သိရပါတယ်။ ရိုက်ကူးရေးက တစ်ဖက်နဲ့ ကျောင်းစာက တစ်ဖက်နဲ့မို့ ပင်ပန်းပြီး ဖြစ်သွားလို့ သူမက ဆိုပါတယ်။ လက်ရှိမှာတော့ သက်သာနေပြီမို့ ပရိသတ်တွေ မစိုးရိမ်ဖို့ကိုလည်း ပြောထားပါသေးတယ်။

“အရမ်းကြီး ဖြစ်သွားတာ မဟုတ်ပါဘူး။ခဏပါပဲ ရင်ဘက်အောင့်လာလို့ အာယုေ ဆးရုံမှာ ဆေးသွားသွင်း လိုက်ရတာပါ။ အချိုဓာတ်နည်းသလို ဖြစ်သွားတာ။ အခုတော့ သက်သာသွားပါပြီ“ လို့ Duwun ကို ပြောပါတယ်။

Photo : သဇင်ထူးမြင့်

သဇင်ထူးမြင့်က လက်ရှိမှာ “ဆုံဆည်းခွင့်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာသဇင်ထူးမြင့်က အိချောပိုရဲ့ ညီမနေရာက ပါဝင်သရုပ်နေရတာပါ။

‘’ ဒီဇာတ်ကားထဲမှာတော့ မအိချောပိုရဲ့ ညီမလေးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာပါ။ အစ်မဖြစ်သူရဲ့ ထိန်းကျောင်းမှုအောက်မှာပဲနေတတ်တဲ့ကောင်မလေးပေါ့နော်။ အစ်မရဲ့ ထိန်းကျောင်းမှုက လွတ်သွားရင် နည်းနည်း အူကြောင်ကြောင် နိုင်တတ်တယ်ပေါ့နော်။ အပြင်က ကာရိုက်တာလိုပဲ’’ ဆိုပြီး သူမရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး ဇာတ်လမ်းတွဲ ကန်တော့ပွဲနေ့က ပြောပြခဲ့တာပါ။

 

Photo : သဇင်ထူးမြင့်

ဆုံဆည်းခွင့် ရုပ်သံဇာတ်လမ်းတွဲကို ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ စွမ်းပိုင်က ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ခန့်စည်သူ၊ ထက်ယံ၊ အိချောပို၊ သဇင်ထူးမြင့်၊ ဇွန်သံစဉ်၊ ထွဋ်မြတ်ရွှေရည်၊ ချစ်စနိုးစု၊ ဆောင်းသဇင်လှိုင်၊ အေးချမ်းမောင်၊ ဇေယံ တို့က အဓိက ပါဝင် သရုပ်ဆောင်နေတာပါ။

သဇင်ထူးမြင့်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲက ရွှေကြိုမယ် တစ်ယောက်အဖြစ် ပရိသတ်တွေစတင်သိရှိလာခဲ့တာပါ။

Photo : သဇင်ထူးမြင့်

အခုဆိုရင်တော့ သူမဟာ တီဗီကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ သူမရဲ့ ပုံစံလေးကတော့ အသားဖြူဖြူ၊ ဆံပင်ရှည်ရှည်၊ ပါးဖောင်းဖောင်းလေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါ။ သူမကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ပညာရေးဘက်ကိုပဲ အဓိကထား လုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ဘာသာစကားလေ့လာရတာကို ဝါသနာပါတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က