ပြန်ကောင်းလိုက် ဆိုးလိုက်ပါပဲ။

တစ်နှစ်ကျော်အကြာ အမှုရင်ဆိုင်နေရတဲ့ အဆိုတော် အစ္စဏီ ကတော့ နှလုံးရောဂါအခြေအနေ ကောင်းလိုက် မကောင်းလိုက်ဖြစ်နေတယ်လို့ သူ့ရဲ့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့(မေလ ၁၃)ရက်နေ့က တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တပါတယ်။ တစ်နှစ်ကျော်ကြာ အမှု ရင်ဆိုင်နေရတဲ့ အဆိုတော် အစ္စဏီရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ရမယ့် အနေအထားမဟုတ်ပေမယ့် ကောင်းလိုက် မကောင်းလိုက်ဖြစ်နေတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ အစ္စဏီရဲ့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပြခဲ့ပါတယ်။ 



‘’ကျန်းမာရေးကတော့ အရင်ကလို ပုံမှန်တော့ ဘယ်ဟုတ်မလဲ။ တစ်နှစ်ကျော်တဲ့ကာလ အမှုလည်းဖြစ်တယ်။ နဂိုကတည်းက နှလုံးရောဂါ အခံလေးကလည်း ပြန်ကောင်းလိုက် ပြန်ဆိုးလိုက် အဲဒီလိုလေးပဲ ဖြစ်နေတာပါ။ ကျန်တဲ့ရောဂါတွေကတော့ ဆရာလည်း အလုပ်တွေ များနေတဲ့အတွက် သူနဲ့ မတွေ့ခဲ့ရပါဘူး။ အခုဆို နောက်ပိုင်း အမှုတွေရှိတော့ ဆက်သွားဖိုု့တွေရှိနေမှာပါ’’ လို့ သူကပြောပါတယ်။

တရားလို စူးရှထက်ဘက်ကိုလည်း ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာလည်း အစ္စဏီရဲ့ ရှေ့နေ ဦးကျော်ဇင်ဦးက မီဒီယာအင်တာဗျူးတွေကနေတဆင့် ပြောခဲ့ပါတယ်။

‘’အဲဒါကတော့ ဆရာလည်း သေချာမသိဘူး ကာယံကံရှင်မဟုတ်တော့။ ဒီအမှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ ပေါ်ထွက်ဖို့အတွက် ဆောင်ရွက်ပေးဖို့တာဝန်ရှိတယ်။ ဥပဒေနဲ့ပဲ ဆောင်ရွက်ပေးတယ်။ ကျန်တဲ့ကိစ္စတော့ ဆရာ့ အနေနဲ့ ထွေထွေထူးထူး မသိပါဘူး။ တရားရုံးတွေကလည်း ဥပဒေနဲ့အညီလုပ်ပေးတာဖြစ်လို့ မြန်နေတာပါပဲ။ မြန်မှာပါ’’ လို့ သူကဆိုပါတယ်။

၂၀၁၉ ခုနှစ် မေလ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာလည်း တရားလိုဘက်က တက်ရောက်လာခြင်း မရှိတာကြောင့် ၂၀၁၉ ခုနှစ် မေလ ၂၀ ရက်နေ့မှာ ပြန်လည် ချိန်းဆိုခဲ့ပါတယ်။ အဲဒီနေ့မှာတော့ တရားလိုဘက်က တက်ရောက်လာမယ်ဆိုပါက စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဦးကျော်ဇင်ဦးက ပြောပါတယ်။

အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က