စက်တင်ဘာလ(၁၄)ရက်နေ့မှာ ကျင်းပပြုလုပ်မှာပါ။

ယနေ့ခေတ်ကာလမှာ လူမှုကွန်ယက်ဟာ လူသားတွေအားလုံးဆက်သွယ်အသုံးပြုလျှက်ရှိတဲ့ အွန်းလိုင်းကွန်ရက်တစ်ခုဖြစ်နေပြီး ဒီအွန်လိုင်းကနေ ရရှိနိုင်တဲ့ ကောင်းကျိုး၊ဆိုးကျိုးများကို ကဏ္ဍအလိုက်တာဝန်ရှိသူတွေပါဝင်ဆွေးနွေးသွားမယ့် “ ၂၀၂၀ နှင့်လူမှုကွန်ရက် ဂယက်” ဆွေးနွေးပွဲကိုတော့ နေပြည်တော် သင်္ဂဟဟိုတယ်မှာကျင်းပပြုလုပ်သွားမှာပါ။ 

နိုင်ငံတော်သမ္မတရုံးက ဦးစီးကျင်းပတဲ့ “ ၂၀၂၀ နှင့်လူမှုကွန်ရက် ဂယက်” ဆွေးနွေးပွဲကြီးကို စက်တင်ဘာလ (၁၄)ရက်နေ့မှာတော့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာပါ။ လူမှုကွန်ရက်ကနေ ရရှိလာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို လူမှုကွန်ရက်ပလက်ဖောင်းတည်ထောင်သူများနဲ့ မြန်မာ့လူမှုကွန်ရက်မှာ သြဇာရှိသူများက ဒီဆွေးနွေးမှာ ပါဝင်ဆွေးနွေးကြမှာလည်းဖြစ်ပါတယ်။ ယနေ့ခေတ်ကာလမှာ လူမှုကွန်ယက်ဟာ လူသားတွေအားလုံးဆက်သွယ်အသုံးပြုလျှက်ရှိတဲ့ အွန်းလိုင်းကွန်ရက်တစ်ခုဖြစ်နေပြီး ဒီအွန်လိုင်းကနေ ရရှိနိုင်တဲ့ အကြောင်းအရာတွေကို ကဏ္ဍအလိုက်တာဝန်ရှိသူတွေက ဆွေးနွေးမျှဝေပေးသွားမှာပါ။

ဆွေးနွေးပွဲကိုစကားဝိုင်း(၂)ခုနဲ့ ကျင်းပသွားမှာ ဖြစ်ပြီး ပထမစကားဝိုင်းမှာတော့ “ မြန်မာနိုင်ငံ၏ လူမှုကွန်ရက်စိန်ခေါ်မှုများနှင့်အကျိုးသက်ရောက်စေမှုများ” ခေါင်းစဉ်ဖြင့် ဦးရဲမြတ်သူ၊ ဦးနိုင်ထူးအောင်၊ ဦးဇေယျသူ၊ ဦးဇော်လင်းအောင်၊ မိုးစက်ဝိုင်နှင့် ဖြိုးဖြိုးခိုင်တို့ ဆွေးနွေးသွားကြမှာပါ။

စကားဝိုင်း(၂)မှာတာ့ ပထမစကားဝိုင်းကနေ ရရှိလာမယ့် ရလဒ်တွေကို ပြန်လည်သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ စကားဝိုင်း(၂)မှာ “ လူမှုကွန်ရက် အသုံးပြုခြင်းဆိုင်ရာအလေ့အကျင့်ကောင်းများ” ခေါင်းစဉ်ဖြင့် ရဲမှူးကြီးညွှန့်ဝေ၊ ဦးမင်းတေဇာညွန့်တင်၊ ဦးနေရဲအောင်၊ ဦးရဲနိုင်မိုးနဲ့ ဦးချစ်ထွန်းဖေ တို့ကဆွေးနွေးသွားကြမှာလည်းဖြစ်ပါတယ်။

“ ၂၀၂၀ နှင့်လူမှုကွန်ရက် ဂယက်” ဆွေးနွေးပွဲကို ရန်ကုန်မှာတော့ ပြီးခဲ့တဲ့ ဇွန်လ(၂၉)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒုတိယအကြိမ်အဖြစ် နေပြည်တော်မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီးတော့ စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ သင်္ဂဟဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာပါ။ဆွေးနွေးပွဲကိုတော့ စိတ်ဝင်စားတဲ့ မည်သူမဆို အခမဲ့တက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က