တစ်နှစ်ထက် တစ်နှစ် ပိုပိုရင့်ကျက်အောင်လည်း ကြိုးစားနေတယ်တဲ့။

မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ စက်တင်ဘာ(၂၂) ရက်နေ့မှာ အသက်(၂၇)နှစ် ပြည့်သွားခဲ့တာပါ။တစ်နှစ်ထက် တစ်နှစ်ပြောင်းလဲလာမှုတွေ အပေါ်မှာ ဘယ်လို အဆင်ပြေအောင် နေရမလဲဆိုတာတွေးပြီး ရင့်ကျက်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

အသက်(၂၇)နှစ် ပြည့်သွားပြီဖြစ်တဲ့ စိုးပြည့်သဇင်ကတော့ သူမလျှောက်လှမ်းရတဲ့ ဘဝခရီးမှာ နေတတ်အောင် နေဖို့ ကြိုးစားဖြတ်သန်းဖြစ်တယ်လို့ ပြောပါတယ်။ အသက်တစ်နှစ်ထက်တစ်နှစ် ကြီးလာတာနဲ့အမျှ ရင့်ကျက်မှုတွေ ပြောင်းလဲမှုတွေလည်း ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

“စိုးပြည့်က မွေးနေ့ရောက်တိုင်း အလှူအတန်းတွေနဲ့ ဖြတ်သန်းဖြစ်တယ်။အလှူအတန်းတွေနဲ့ ဖြတ်သန်းရတာ ပျော်တယ်။ တစ်နှစ်ထက် တစ်နှစ်ပိုပြီးလည်း ကြီးလာတာလေ ငယ်သွားတာမဟုတ်ဘူးဆိုတော့အသက်ကြီးလာတာနဲ့အမျှ ရင့်ကျက်အောင်နေတယ်။ ဘဝမှာ နေတတ်အောင် အဆင်ပြေအောင် ဘယ်လိုနေရမလဲဆိုတာ ကြိုးစားနေပါတယ်” လို့ သူက Duwun ကို ပြောပါတယ်။

စိုးပြည့်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ရိုက်ကူးဖို့ရှိနေတယ်လို့ သိရပါတယ်။ အဲဒီ ဇာတ်ကားက “သုံးပန်လှကျိန်စာ” ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ပြည်မှာ သွားရောက်ရိုက်ကူးရမှာ ဖြစ်လို့ လိုအပ်တာတွေ ပြင်ဆင်နေတယ်လို့ သူမက ဆိုပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီး ပြီးရင်လည်း သူမရဲ့ တစ်ကိုယ်တော်အခွေ ထွက်ဖို့အတွက်ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“စိုးပြည့် တတိယ တစ်ကိုယ်တော်အခွေထွက်ဖို့လည်း လုပ်နေပါတယ်။ သီချင်းသစ်တွေလည်း စုနေပါတယ်။ ဘယ်တော့ထွက်မလဲဆိုတာတော့ မပြောတတ်သေးပါဘူး။ သီချင်းလည်း ထွက်ချင်နေပြီအဲ့အတွက် ကြိုးစားသွားမှာပါ” လို့ သူမက ဆိုပါတယ်။

အသက်(၂၇)နှစ်ရှိပြီတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်က အသက်(၁၈)နှစ်အရွယ်မှာ “မိုးညအိမ်မက်ဖြူ” ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။မကြာခင်မှာလည်း သူ့ရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေ နားဆင်ရဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က