သူမကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုလည်း ရင်ဖွင့်ထားပါသေးတယ်။

အေသင်ချိုဆွေက သူမဘဝနဲ့ တိုက်ဆိုင်တဲ့ သတင်းတစ်ပုဒ်ကို share ပြီး ခံစားချက်တွေ ရင်ဖွင့်လို့ထားပါတယ်။

Photo : အေသင်ချိုဆွေ FB

အဲ့ဒီသတင်းခေါင်းစဉ်ဟာ “ဘဝမှာ ခံရပေါင်းများလာတဲ့သူတွေက မာနာကြီးသွားတတ်ကြတယ်” ဆိုတဲ့ အကြောင်းကို ရေးထားတဲ့ သတင်းပါ။ ထိုုသတင်းကို share ရင်းနဲ့ သူမရဲ့ ခံစားချက်တချို့ကို ယခုလို ရင်ဖွင့်ထားပါသေးတယ်။

ဒီကောင်မ ချေလိုက်တာ ဘာမို့လို့လဲ ... ပြောနေတာတွေလဲ ဂရုကိုမစိုက်တော့တာ။ လုပ်စရာရှိတာ လုပ်တယ် ကိုယ်မှန်တယ်ထင်တာ၊ ကောင်းမယ်ထင်တာ ကို ယုံကြည်ပြီးလုပ်တယ်။ ဘယ်သူနဲ့မှလည်းမတိုင်ပင်ဖြစ်တော့ဘူး။ကိုယ်အရင်က မှားခဲ့တာနဲ့ဘဲ အခုလည်း အရင်တိုင်းဘဲ နေမှာပါဟယ် ဆိုတဲ့ ဟာမျိုးတွေ လာမပြောနဲ့ ၊ ထင်နေတာလဲမကြိုက်ဘူး။ စိုးရိမ်လို့ပါဆိုပြီး စေတနာနဲ့လည်းမပြောနဲ့ မကြိုက်ဘူး။ မိတ်ဆွေဖြစ်နေသည့်တိုင်အောင် အဲ့လူ့ကို မုန်းတယ်။” ဆိုုပြီး ဇန်နဝါရီ(၁၆) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ တွေ့ရပါတယ်။

Photo : အေသင်ချိုဆွေ FB

အလေးအနက်ထားပြီး အကောင်းဆုံး ပြန်ကြိုးစားနေတဲ့ အချိန်ကာလတစ်ခုမှာ ကိုယ့်ကို အထင်မကြီးတဲ့ လူတွေနဲ့ ခပ်ဝေးဝေးနေတယ်လို့ သူမက ပြောပါတယ်။

“အလေးအနက်ထားပြီး၊ အကောင်းဆုံးပြန်ကြိုးစားနေတဲ့အချိန်ကာလတခုမှာ ကိုယ့်ကို အထင်မကြီးတဲ့လူတွေနဲ့ ခပ်ဝေးဝေးနေတယ်၊ အထင်ကြီးစရာလည်းမလိုပါဘူး၊ မြှောက်ပြောလည်း မကြိုက်ဘူး၊ အကြည့်တွေ၊ အမူအရာတွေ အားလုံးသိတယ်။” လို့ သူမက ဆက်လက် ပြောထားပါသေးတယ်

Photo : အေသင်ချိုဆွေ FB

သိမ်ငယ်တယ်ဆိုတာ ခံစားဖူးတဲ့သူတွေမှ သိလိမ့်မယ်တဲ့။ အထူးသဖြင့် အားနည်းချက်တွေ၊ လိုအပ်ချက်တွေ အရမ်းကို များပြီး လူတွေကို ကြောက်နေခဲ့တဲ့ လူတစ်ယောက်ဖြစ်ဖူးမှသာ ဒီလို ခံစားချက်တွေ နားလည်လိမ့်မယ်ဆိုပြီး ပြောထားတာပါ။သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က