ထိပ်ဆုံးက အားကျရသူပါ။

စိုးပြည့်သဇင်ဟာ သူမ အားကျရတဲ့ အနုပညာရှင်တွေထဲမှာ ထွန်းအိန္ဒြာဗိုလ်လည်း တစ်ဦးအပါအဝင်ဖြစ်တဲ့အကြောင်း ပြောပြလာပါတယ်။ 

သရုပ်ဆောင် စိုးပြည့်သဇင်ကတော့ မြန်မာပြည်အတွင်းထဲမှာ သူမ သဘောအကျဆုံး မင်းသမီးဆိုရင်တော့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်ဖြစ်တယ်လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ တီခိုင်ကြီးက စိုးပြည့်အတွက် ထိပ်ဆုံးကထားတဲ့ idol တစ်ယောက်ပါ။ သရုပ်ဆောင်မှာ ဆိုရင်အရမ်းသဘာဝကျတယ်။ အပို အလိုမရှိတာတွေကို သဘောကျတယ်။ ပြီးတော့ အနုပညာရှင် အသစ်တွေကိုလည်း လက်တွဲခေါ်ပေးတယ်။ အရမ်းသဘောကောင်းသလို စိတ်ကောင်းလည်း တော်တော်ရှိတဲ့ မင်းသမီးပါ” လို့ ဆိုပါတယ်။ 

အခုလက်ရှိမှာလည်း စိုးပြည့်သဇင်ဟာ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်နဲ့ အတူတွဲပြီး “အပျိုရောင်ည” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို မတ်လ ၂၀ ရက်နေ့မှာ စတင်ရိုက်ကူးနေတာဖြစ်ပြီး COVID-19 ကူးစက်ရောဂါကြောင့် လက်ရှိမှာ ရိုက်ကူးရေးတွေ ခဏ နားထားတယ်လို့ သိရပါတယ်။ အပျိုရောင်ည ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် မြင့်မြတ်၊ ညီထွဋ်ခေါင်၊သူရိယ၊ နေရဲ၊ ကျော်ဆု၊ ထွန်းအိန္ဒြာဗိုလ်၊ စိုးပြည့်သဇင်၊ ခင်ဝင့်ဝါနဲ့ သြဂတ်မိုးတို့က ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

Photo: Oakkarlay

စိုးပြည့်သဇင်က အသက်(၁၈) နှစ်အရွယ်မှာ “မိုးညအိမ်မက်ဖြူ” ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။မကြာခင်မှာလည်း သူ့ရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေ နားဆင်ရဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က