လက်ရှိဖြစ်ပေါ်နေတဲ့ The Model Academy က အကြောင်းအရာတွေကို သန္တာလှိုင်က ဖွင့်ပြောပြလာပါတယ်။ ဒီ TV Show ရဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။
Photo: Thandar Hlaing
သန္တာလှိုင်ကတော့ The Model Academy အစီအစဉ်ကနေတဆင့် ပရိသတ်ကို ပေးချင်တဲ့ သင်ခန်းစာတွေ ရှိတယ်လို့ ဆိုပါတယ်။ လာရောက်ပြိုင်ပွဲဝင်ကြသူတွေရဲ့ မျှော်လင့်ချက်တွေကိုလည်း အကောင်အထည်ဖော်ပေးလိုက်နိုင်တယ်လို့ မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
‘’ ဘဝနဲ့ဆိုင်တဲ့ သင်ခန်းစာတွေ အများကြီးပေးဖို့ ရည်ရွယ်ထားတာပါ။ ဒါကြောင့်မို့လို့လည်း ဒီ Show ကို အစ်မတို့လုပ်ဖြစ်တာပါ။ ကလေးတွေ အကုန်လုံးကလည်း ဘဝနဲ့ဆိုင်တဲ့ သင်ခန်းစာတွေလိုချင်လို့ ဒီ Show ပေါ်မှာ လာတာဖြစ်တဲ့အတွက် သူတို့ မျှော်လင့်ထားတဲ့ မျှော်လင့်ချက်တွေအတိုင်း အစ်မတို့ ဖြည့်ဆည်းပေးလိုက်နိုင်တယ်လို့ ယုံကြည်ပါတယ်’’
Photo Thandar Hlaing
The Model Academy မှာ အရှက်ရခဲ့သူ မိန်းကလေး ဂျက်ဆီကလည်း သူ့ရဲ့ စိတ်ခံစားချက်အခြေအနေက ပြန်ကောင်းလာပြီလို့ သန္တာလှိုင်က ပြောပါတယ်။
‘’ ဂျက်ဆီကတော့ အခုချိန်မှာ သူ အဆင်ပြေပါတယ်။ Show ပြီးသွားတဲ့နောက်မှာလည်း အစ်မကိုယ်တိုင် သူ့ကို သေသေချာချာ အားပေးခဲ့တယ်။ ကြည့်လိုက်တဲ့အချိန်မှာလည်း သူဟာ တကယ်ကို ရင့်ကျက်တဲ့ အမျိုးသမီးလေးတစ်ယောက်ပါ။ သူ့ကိုယ်သူချစ်တတ်တယ်၊ သူ့ကိုယ်သူ ထိန်းနိုင်တဲ့ အမျိုးသမီးလေး တစ်ယောက်ပါ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၁ ရက်နေ့ညက Now & Ever ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Thandar Hlaing
သန္တာလှိုင်ကတော့ အစီအစဉ်တင်ဆက်သူ ဇင်အောင်နဲ့ သူ့ရဲ့ လက်ရှိဆက်ဆံရေးကတော့ အခြေအနေ ကောင်းနေတယ်လို့ ဆိုပါတယ်။ The Model Academy TV Show နဲ့လည်း ပရိသတ်တွေကို ရင်းနှီးစေချင်ပါတယ်တဲ့။
‘’ The Model Academy ဆိုတာ တကယ် Reality Show တစ်ခုပါ။ ဒီ Show က TV ပေါ်ကို မရောက်ခင်ကတည်းက CCTV ကင်မရာတွေကလည်း အမြဲတမ်း အချိန်ပြည့်ရှိနေမယ်။ CCTV ရိုက်ထားတဲ့ ဟာတွေအကုန်လုံးကို ဒီ TV ပေါ်ကို ချပြမယ်ဆိုတဲ့ အရာကို အားလုံးနားလည် သဘောတူညီမှုနဲ့ TV show တစ်ခုကို စခဲ့တာဖြစ်တဲ့အတွက် မကြာခင်မှာ မြန်မာပြည်က ပရိသတ်တွေ အကုန်လုံး Reality TV Show ဆိုတာကို မကြာခင် ရင်းနှီးလာပါလိမ့်မယ်’’ လို့ သူကဆိုပါတယ်။
Photo: Thandar Hlaing
သန္တာလှိုင်ဟာ လက်ရှိမှာ အောင်မြင်တဲ့မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေပြီး သားသမီးတွေအတွက် ဂုဏ်ယူထိုက်တဲ့ မိခင်တစ်ဦးအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ ပထမအိမ်ထောင်နဲ့ ကွဲပြီးနောက်မှာလည်း သားနဲ့သမီးကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူဖြစ်သလို ယခုလက်ရှိမှာလည်း အစစအရာရာနားလည်မှု အပြည့်ပေးနိုင်ပြီး သားသမီးတွေနဲ့လည်း အဆင်ပြေတဲ့ ဒုတိယ အိမ်ထောင်နဲ့ သာယာပြည့်စုံတဲ့ ဘဝသစ်တစ်ခုထူထောင်နေသူလည်း ဖြစ်ပါတယ်။
Share