ကင်မင်ဂျေးအတွက် တန်ဖိုးကို ဘေဂျင်းဂူအမ်အသင်းက ယူရို ၁၅သန်းအထိ သတ်မှတ်ထားတယ်လို့ သိရပြီးတော့ အဆိုပါပမာဏကို ပေးချေသွားဖို့ စပါးက အသင့်ရှိတယ်လို့လည်း သိရပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းဟာ တောင်ကိုရီးယားကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ကင်မင်ဂျေးကို ခေါ်ယူဖို့အတွက် ဆက်သွယ်ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ သိရပါတယ်။ ကင်မင်ဂျေးဟာ တရုတ်စူပါလိဂ်ကလပ် ဘေဂျင်းဂူအမ်အသင်းမှာ ကစားနေသူဖြစ်ပြီးတော့ စပါးအသင်းဘက်က စတင်ကြိုးစားနေပြီဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် နောက်ခံလူကို လိုက်ဇစ်၊ လာဇီယို၊ ပေါ်တို၊ ပီအက်စ်ဗွီ၊ ဆောက်သမ်တန်၊ အင်တာမီလန် နဲ့ တော့တင်ဟမ်တို့က စိတ်ဝင်စားနေတာဖြစ်တယ်လို့လည်း Xinhuanet က ဖော်ပြခဲ့ပါတယ်။ တရုတ်အားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ Titan Sports ကလည်း အဆိုပါအသင်းတွေထဲမှာ စပါးက လက်ဦးမှုရယူနိုင်ဖို့ ရေပန်းစားနေကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
ဒါဟာ တော့တင်ဟမ်အသင်းမှာ ဆွန်ဟောင်မင် အောင်မြင်ကျော်ကြားနေမှုရဲ့ နောက်ဆက်တွဲအကျိုးတွေကြောင့်ဖြစ်တယ်လို့လည်း သိရပါတယ်။ ဆွန်ဟောင်မင်ဟာ ၂၀၁၅ ခုနှစ်မှာ လေဗာကူဆင်ကနေ စပါးကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ရပ်တည်နေပြီလည်းဖြစ်ပါတယ်။
ကင်မင်ဂျေးအတွက် တန်ဖိုးကို ဘေဂျင်းဂူအမ်အသင်းက ယူရို ၁၅သန်းအထိ သတ်မှတ်ထားတယ်လို့ သိရပြီးတော့ အဆိုပါပမာဏကို ပေးချေသွားဖို့ စပါးက အသင့်ရှိတယ်လို့လည်း သိရပါတယ်။ ကင်မင်ဂျေးဟာ တောင်ကိုရီးယားလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၃၀ ကစားပေးထားပြိး ၃ ဂိုးအထိသွင်းယူထားကာ ဆွန်ဟောင်မင်နဲ့ လက်ရွေးစင်အသင်းဖော်တွေလည်း ဖြစ်ပါတယ်။