စပါးအသင်းအနေနဲ့ ဆွန်ဟောင်မင်ရဲ့ အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။

အဲဗာတန်တောင်ပံကစားသမားအန်ဒရီဂိုမက်ဇ်ကို ခြေကျင်းဝတ်ကျိုးတဲ့အထိ ဖျက်ထုတ်ပုံကြမ်းခဲ့တဲ့ ဆွန်ဟောင်မင်အပေါ် ဝေဖန်မှုတွေရှိနေတာပါ။

စပါးကွင်းလယ်ကစားသမားဒယ်လီအလီအနေနဲ့ အဲဗာတန်ပရိသတ်အချို့ရဲ့ဝေဖန်မှုကို ရင်ဆို်င်ေ နရ တဲ့အသင်းဖော်ဆွန်ဟောင်မင်ကို ကာကွယ်ပြောဆိုမှုများပြုလုပ်ခဲ့ပြီး အန်ဒရီဂိုးမက်ဇ်ဒဏ်ရာရရှိအော င် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တာမဟုတ်ဘူးလို့ ပွဲအပြီးမှတ်ချက်ပြုမှုကို Dailymail ကဖော်ပြလာခဲ့ ပါတယ်။

အဲဗာတန်တောင်ပံကစားသမားအန်ဒရီဂိုမက်ဇ်ဟာ ဆွန်ဟောင်မင်ရဲ့ ဖျက်ထုတ်မှုကြောင့် ခြေကျင်းဝ တ်အရိုးကျိုးတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့ပြီး ကွင်းအတွင်းအောက်ဆီဂျင်အထောက်အကူယူ ကုသမှုခံ ယူခဲ့ရပြီး ဆေးရုံကိုအရေးပေါ်ပို့ဆောင်ခဲ့ရတဲ့အထိ အခြေအနေဆိုးရွားခဲ့တာပါ။



“ ဂိုးမက်ဇ်ရဲ့ ဒဏ်ရာအတွက်စိတ်မကောင်းပါဘူး။ ကစားသမားအချင်းချင်းဖြစ်တဲ့အတွက်ကိုယ်ချ င်း စာပါတယ်။ ဆွန်အနေနဲ့လည်း ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ပါဘူး။ ဆွန်က ကြမ်းကြမ်းတမ် း တ မ်းကစားတတ်တဲ့သူလည်းမဟုတ်သလို အဝတ်လဲခန်းမှာ ရှိုက်ကြီးတငင်ငိုကြွေးပြီးခံစားနေခဲ့တာပါ ” လို့ ဒယ်လီအလီက ဝန်ခံပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိသတင်းထွက်ပေါ်မှုများအရ အန်ဒရီဂိုဗက်ဇ်ရဲ့ ဒဏ်ရာအခြေအနေကို ဆေးစစ်မှုတွေပြုလုပ်ရဦး မှာဖြစ်ပြီး ကစားသမားအနေနဲ့ အချိန်အတိုင်းအတာတစ်ခုအထိအနားယူရဖို့ရှိနေတယ်လို့လည်းအဲဗာ တန်အသင်းက ကနဦးသတင်းထုတ်ပြန်ထားခဲ့ပါတယ်။

ဒဏ်ရာပြင်းထန်ခဲ့တဲ့ အန်ဒရီဂိုးမက်ဇ်အနေနဲ့ အနည်းဆုံး ၆လခန့်အထိအနားယူရဖို့အထိဖြစ်လာနိုင်တဲ့ အတွက် လက်ရှိဘောလုံးရာသီပွဲစဉ်အားလုံးလွဲချော်နိုင်ချေရှိတယ်လို့ ဗြိတိန်မီဒီယာအများစုကသုံး သ ပ်ဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

Share

က္က