ဗိုင်းရပ်စ်ကြောင့် လူ ၂၀၀၀ ‌ကျော် ‌သေဆုံးခဲ့ပါတယ်

Galaxy Z Flip ထုတ်လုပ်နေတဲ့ စက်ရုံတစ်ရုံမှာ ဝန်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကြောင်း အတည်ပြုချက် ထွက်လာပြီးနာက် Samsung ဟာ စက်ရုံကို ယာယီ ပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။


တောင်ကိုရီးယားမှာ Gumi City မှာ ရှိတဲ့ စက်ရုံဟာ အစောဆုံး ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ ပြန်ဖွင့်ဖို့ ရှိနေပါတယ်။ SamMobile သတင်းအရ ကူးစက်ခံထားရတဲ့ ဝန်ထမ်းနဲ့ ထိတွေ့ဆက်ဆံမှု ရှိခဲ့တဲ့ တစ်ခြားဝန်ထမ်းတွေကိုလည်း စောင့်ကြည့်ထိန်းသိမ်းမှု လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားက လာတဲ့ သတင်းတွေမှာတော့ ယာယီပိတ်ထားတဲ့ Samsung စက်ရုံဟာ Galaxy Fold နဲ့ Galaxy Z Flip ဖုန်းသစ်တွေ ထုတ်လုပ်နေတဲ့ စက်ရုံလို့ ဖော်ပြထားပါတယ်။



Photo: dailynews-india

“ကုမ္ပဏီဟာ ရောဂါ ကူးစက်ခံထားရတဲ့ ဝန်ထမ်းနဲ့ ထိတွေ့ခဲ့သူ လုပ်ဖော်ကိုင်ဖက်တွေကို သီးသန့် ကြပ်မတ်စောင့်ကြည့်ထားပါတယ်။ ဖြစ်နိုင်ဖွယ်ရှိတဲ့ ကူးစက်မှုအတွက် စမ်းသပ်ဖို့လည်း လုပ်ငန်းအဆင့်တွေ လုပ်ဆောင်ထားပါတယ်။” လို့ Samsung ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Gumi စက်ရုံဟာ Samsung ရဲ့ စုစုပေါင်း စမတ်ဖုန်းထုတ်လုပ်မှုထဲက ရာခိုင်နှုန်းအနည်းငယ်ပဲ ထုတ်လုပ်တဲ့ စက်ရုံဖြစ်လို့ အခုလို ပိတ်သိမ်းမှုဟာ Samsung ရဲ့ စမတ်ဖုန်း ထုတ်လုပ်မှုအပေါ်လည်း အရေးပါတဲ့ သက်ရောက်မှုတော့ ဖြစ်ဖို့ မရှိပါဘူး။ Samsung စမတ်ဖုန်း ထုတ်လုပ်မှု အများစုကို ဗီယက်နမ်နဲ့ အိန္ဒိယတို့မှာ ထုတ်လုပ်နေတာပါ။

Galaxy Z Flip ဟာ ရောင်းအားသွက်နေပြီး အွန်လိုင်းပေါ်ကနေ ကနဦး ဖြန့်ချိချိန်မှာ ရောင်းအားပြတ်သွားတဲ့အထိ ဝယ်လိုအား မြင့်တက်နေပါတယ်။ Samsung ရဲ့ အတည်ပြုချက်အရ နိုင်ငံအနှံ့ သတ်မှတ်ထားတဲ့ လက်လီအရောင်းဆိုင်တွေမှာ ဝယ်လို့ရနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မကြာခင်မှာ Samsung အွန်လိုင်းစတိုးတွေပေါ် ပြန်ရောက်လာမယ်လို့လည်း အတည်ပြုထားပါတယ်။

Photo: BBC

COVID-19 လို့ ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် ကမ္ဘာအရပ်ရပ်မှာ လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သလို နည်းပညာလုပ်ငန်းတွေလည်း ထိခိုက်မှု ရှိထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ Mobile World Congress (MWC) ပွဲကိုလည်း ဖျက်သိမ်းခဲ့သလို တရုတ်မှာ ရှိတဲ့ စမတ်ဖုန်းကုမ္ပဏီတွေရဲ့ Supply Chains များလည်း ထိခိုက်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က