In partnership with  logo
အိမ်ကနေ အလုပ်လုပ်ခြင်းဟာ ခေတ်ပေါ်လူမှုပုံစံအပြောင်းအလဲသစ်တစ်ခုပါ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပုံမှန်ရုံးလုပ်ငန်းစဉ်တွေဟာ အွန်လိုင်းပုံစံ (Online Format) အဖြစ် ပြောင်းလာကြပါတယ်။ အခုဆို Work From Home ဆိုတဲ့ စကားဟာ လူမှုကွန်ရက်ပေါ်မှာ ပွက်ပွက်ညံလာတဲ့ buzz word ဖြစ်လာပါပြီ။ အိမ်ကနေ အလုပ်လုပ်တယ်ဆိုတာ တကယ့်ကို အသစ်ပါ။

Fresher Lifestyle ဖြစ်လို့ အလုပ်လုပ်ရာမှာလည်း တစ်ခါတစ်လေ ကသီတာတွေ ရှိနိုင်ပါတယ်။ ကျန်းမာရေးအရဆိုရင်လည်း အပြင်ထသွားလာသွား လှုပ်ရှားမှုတွေ နည်းလို့ ဝိတ်တက်တာ ၊ ထိုင်းမှိုင်းလေးလံပြီး စိတ်ဖိစီးတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိမ်ကနေ အလုပ်လုပ်နေရတဲ့ သူတွေဟာ ကျန်းမာရွှင်လန်းစွာနဲ့ ထိရောက်တဲ့ အလုပ်ခွင်ဖြစ်စေဖို့ အခုပြောမယ့် အကြံပေးချက်တွေကို လိုက်နာသင့်ပါတယ်။




(၁) အလုပ်စားပွဲ သီးသန့်ထားပါ

Photo: Unsplash

အလုပ်ဆိုတာ စိတ်ဖိစီးစရာတွေ ရှိနိုင်ပါတယ်။ အလုပ်လုပ်မယ့်နေရာကို စိတ်သက်သာစရာ ဖြစ်အောင် ဖန်တီးထားတာဟာ အလုပ်ခွင်စိတ်ဖိအားကို လျှော့ချပေးဖို့ ကူညီနိုင်ပါတယ်။ အိမ်မှာ အလုပ်လုပ်မယ်ဆိုရင် အလုပ်စားပွဲကို သီးသန့်ဖြစ်အောင် ဖန်တီးပါ။ 

ကိုယ့်ရဲ့ အလုပ်စားပွဲဟာ အလင်းရောင်နဲ့ လေဝင်လေထွက် ကောင်းမွန်ပြီး အာရုံစူးစိုက်ဖို့ ကောင်းအောင် ငြိမ်သက်နေရင်ကောင်းပါတယ်။ စားပွဲပေါ်မှာ အလုပ်နဲ့ မဆိုင်တဲ့ ပစ္စည်းတွေ ဖယ်ထားပါ။ သက်တောင့်သက်သာရှိတဲ့ စားပွဲနဲ့ ထိုင်ခုံ သုံးပါ။ ဒါဆိုရင် အလုပ်လုပ်ရတာ ပိုပြီး စိတ်အေးချမ်းစေမှာ ဖြစ်ပါတယ်။


(၂) အားကစားလုပ်ပါ

Photo: Pexels

အိမ်ကနေ အလုပ်လုပ်နေချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ နဲ့ ရေဓါတ်ဖြည့်ဖို့ မမေ့သင့်ပါဘူး။ အလုပ်စားပွဲကနေ တစ်နာရီကြာတိုင်း ၁၅ မိနစ်လောက် အနားယူပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးသင့်ပါတယ်။ ထိုင်တာ ကြာလာရင် ခါး ၊ ပုခုံးနဲ့ လက်ပြင်တွေ နာကျင်ကိုက်ခဲလာနိုင်ပြီး အာရုံကြောတွေပါ ထိခိုက်နိုင်ပါတယ်။

အကောင်းဆုံးက တစ်နာရီတစ်ခါ Alarm ပေးထားပါ။ Alarm မြည်တာနဲ့ အလုပ်စားပွဲက ထပြီး လမ်းလေးဘာလေးလျှောက် ၊ အားကစားလေး ဘာလေး လုပ်သင့်ပါတယ်။ အဓိကအချက်ကတော့ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အလုပ်စားပွဲမှာပဲ ဆက်တိုက်ကြီး ထိုင်မနေဖို့ ဖြစ်ပါတယ်။ 


ပုံမှန်ရုံးတက်ရက်တွေမှာတော့ ရုံးသွားဖို့ပြင်ဆင်နေတာက တစ်ကြောင်းရုံးသွားရင်းလှုပ်ရှားမှုရှိနေတာက တစ်ကြောင်းကြောင့် လေ့ကျင့်ခန်းမလုပ်ဖြစ်ပေမယ့် အခုလို အိမ်ထဲမှာအချိန်အတော်များများအလုပ်လုပ်ရတဲ့အချိန်မှာ အငြောင်းမိတာမျိုး ပြင်းလာတာမျိုးမဖြစ်ရလေအောင် လေ့ကျင့်ခန်းလေး နာရီဝက်တစ်နာရီလုပ်ဖြစ်ပါတယ်။ မနန်းကျော့ကျော့စံ - Assistant Business Development Manager @ InternPlus


(၃) အချိန်ဇယားနဲ့ အလုပ်လုပ်ပါ

Photo: Pexels

Work From Home မှာ ကျန်းမာပျော်ရွှင် အလုပ်တွင်စေဖို့ အရေးကြီးတဲ့ လုပ်စရာတွေကို မနက်အစောပိုင်းကတည်းက To-Do List ထားပြီး အရင်ဆုံး ဖြတ်ထားသင့်ပါတယ်။ တစ်နေ့တာ အလုပ်ချိန်ဇယားဆွဲထားပြီး အလုပ်လုပ်ပါ။ ကိုယ့်အတွက် အနားယူမယ့်အချိန် ၊ ကိုယ်စိတ်ကျန်းမာရေးအတွက် အချိန်ပေးရမယ့် အချိန် တွေနဲ့ မိသားစု ၊ မိတ်ဆွေတွေအတွက် သီးသန့်အချိန်ဆိုပြီး ခွဲထားသင့်ပါတယ်။ 

အိမ်ကနေ အလုပ်လုပ်နေသူတွေဟာ ရုံးအလုပ်အပြင် မိသားစုနဲ့လည်း အချိန်ပေးဖို့ လိုပါတယ်။ ဒါတင်မဟုတ်ဘဲ အခုဖြစ်ပွားနေတဲ့ ကပ်‌ဘေးအတွင်း ကိုယ်‌‌ရောစိတ်ပါ ကျန်းမာအောင် နေဖို့ ကြိုးစားရပါတယ်။ ဒီလို ဖိအားတွေအကြားမှာ ဟန်ချက်ညီညီ လှုပ်ရှားဖြတ်သန်းဖို့ဆိုတာ အခုပြောခဲ့တဲ့ အချက်တွေကို မဖြစ်မနေ လိုက်နာဖို့က အ‌‌ရေးကြီးတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က