သူမအတွက်တော့ တန်ဖိုးရှိလှပါတယ်တဲ့။

နှစ် ၃၀ အကြာ အနုပညာလောကမှာ အောင်အောင်မြင်မြင်နဲ့ ရပ်တည်ထားနိုင်တဲ့ ရန်အောင်၊ ရဲအောင်၊ စိုးမြတ်သူဇာ တို့ရဲ့ ရင်းနှီးမှုတွေကို စိုးမြတ်သူဇာက ရင်ဖွင့်ထားပါတယ်။

Photo: Yan Aung



စိုးမြတ်သူဇာဟာ အနုပညာအလုပ်တွေ လုပ်ခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ ဖြူဖြူ စင်စင် ရင်းရင်းနှီးနှီးရှိခဲ့ကြတဲ့ အနုပညာအစ်ကိုတွေနဲ့ အမှတ်တရကိုပြောပြလာပါတယ်။ ဒီရင်းနှီးမှုက သူမအတွက်တော့ ဖြူစင်တယ်လို့ ဆိုပါတယ်။

‘’အနှစ် ၃၀ အဖြူရောင် သံယောဇဉ်က ကျွန်မအတွက်တော့ တန်ဖိုးရှိလှသည်’’ ဆိုပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၁၁ နာရီခွဲက သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ရန်အောင်၊ ရဲအောင်တို့နဲ့ တွဲရိုက်ထားတဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့တာတွေ့ရပါတယ်။

Photo: Yan Aung

စိုးမြတ်သူဇာဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းကလည်း အနုပညာအစ်ကိုတွေဖြစ်ကြတဲ့ ရန်အောင်နဲ့ ရဲအောင်တို့ကို နာရီဆင်တူလေးတွေနဲ့ ကန်တော့ခဲ့တာကို တွေ့ရပါတယ်။ နှစ်စဉ်နှစ်တိုင်း ကန်တော့ဖြစ်တယ်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

Photo: Yan Aung

ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရန်အောင်၊ ရဲအောင်၊ စိုးမြတ်သူဇာတို့ဟာ အခုချိန်ထိ အနုပညာနယ်ပယ်မှာ အောင်မြင်နေတဲ့ ဝါရင့်သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သူတို့ဟာ အခုချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေသူတွေပါ။

Photo: Amazing Grace

သရုပ်ဆောင်ရဲအောင်ဟာ ရုပ်ရှင်ကားပေါင်းများစွာမှာ ဇာတ်ဆောင်၊ ဇာတ်ပို့နေရာစုံမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ခုချိန်ထိလည်း အနုပညာလောကမှာပဲ ဆက်လက်ရပ်တည်နေဆဲပါ။ ရဲအောင်က ၁၉၉၃ ခုနှစ်မှာ “မြစ်တို့၏မာယာ” ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆု၊ ၂ဝဝဂ ခုနှစ်မှာ “အကယ်ဒမီရှော့ခ်” ဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ဆု အကယ်ဒမီများ ရရှိခဲ့တဲ့ မင်းသားတစ်ယောက် ဖြစ်ပါတယ်။

မကြီးစိုးလို့အနုပညာလောကသားတွေရဲ့ ချစ်စနိုးခေါ်ခြင်းခံရတဲ့ စိုးမြတ်သူဇာဟာ ၁၉၉၄ခုနှစ်ကနော်ရင်မွှေး ၊ ၁၉၉၈ခုနှစ်က ရွှေနံ့သာစံအိမ် ဇာတ်ကားတို့နဲ့ အကယ်ဒမီဆုတွေကိုရရှိခဲ့သူ ဖြစ်ပါတယ်။

ကိုရန်လေးလို့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ မယ်သီတာလိုမိန်းကလေး၊ ၁၉၉၅ ခုနှစ်မှာ ပုဂံမှာ သာတဲ့လ၊ ၁၉၉၆ ခုနှစ်မှ အလင်းဖျော့ကောင်းကင်၊ ၁၉၉၈ ခုနှစ်မှာ ညမင်းသား ၊ ၂ဝဝဝ ခုနှစ်မှ မောဟမျဉ်းပြိုင်များနှင့် ၂ဝဝ၆ ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီဆုများ ရရှိထားသူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က