ဒီနေ့က သားသားလေးရဲ့ မွေးနေ့ပါ။

ဒီနေ့က မိုးယုစံရဲ့ သားလေးက ကောင်းသိင်္ခမိုးသူရဲ့ (၂)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့အလှူ လေးတွေလည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

Photo : baby & me

ကိုစွမ်းသူမိုးနဲ့ သရုပ်ဆောင် မိုးယုစံရဲ့ သားလေး ကောင်းသိင်္ခမိုးသူ(ခ)Austin က ဒီနေ့(သြဂုတ်လ၂၁ရက်)က (၂)နှစ်တိတိပြည့်လို့သွားပါပြီ။ (၂)နှစ်ပြည့်မွေးနေ့အလှူလေးကိုလည်း လယ်တီစံသာသနာ့ရိပ်သာ၊ မဟာညောင်ကုန်းကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပြီး ရဟန်းသံဃာတော်များကို အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

သားလေးရဲ့ မွေးနေ့မှာလည်း မေမေမိုးယုစံက ယခုလို မွေးနေ့ဆုတော င်းလေး တောင်းပေး ထားတာတွေ့ရပါတယ်။

“Happy 2years birthday မေ့ချစ်သားလေး ၂နှစ်ပြည့်သွားပီ လိမ္မာရေးခြားရှိပီး ထူးချွန်ထက်မြတ်ပီး အရာရာပြည့်စုံအောင်မြင်ပါစေ ဒီအဖိုးအဖွားဖေဖေမေမေတိုနဲ့ ပျော်ရွင်တဲ့ဘဝကို ထာဝရပိုင်ဆိုင်နိုင်ပါစေ ချစ်သားလေးရဲ့အိုက်တင်အစုံပုံလေးတွေတင်ပေးလိုက်တယ်နော် သားသားကိုချ စ်ခင်သူအား လုံးကို ကျေးဇူးတင်ပါသည်” ဆိုပြီး သြဂုတ်လ(၂၁) ရက်နေ့ နံနက်စောစောမှာ မွေးနေ့ဆုတောင်း စကားလေး ပြောပေးထားတာပါ။

Photo : baby & me

မိုးယုစံရဲ့ သားလေး Austin ဟာ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။ မိခင်ရဲ့ အလှအပနဲ့ ဖခင်ရဲ့ ယောကျ်ား ပီသတဲ့ ရုပ်ရှင်လေးတွေကို ပိုင်ဆိုင်ထားတဲ့ သားလေး Austin ဟာ အရမ်းကို ချစ်ဖို့ ကောင်းလှပါတယ်။ မိုးယုစံက သူမကို ချစ်ပေးကြသလို သားသားကို ချစ်ပေးကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။ မိုးယုစံက သားလေးအဖော်ရအောင် နောက်ထပ် ရင်သွေးလေးတစ်ယောက် ထပ်ယူမယ်လို့ မီဒီယာတွေမှာ ဖြေခဲ့ဖူးပါတယ်။

“သားသားကအခုအရမ်းတတ်တယ်။ သွက်လည်းသွက်တယ်။ ညီမတို့နဲ့မတူဘူး။ညီမတို့ဆို ငယ်ငယ်တုန်းက အရမ်းအေးတယ်။သားသားက အခုချိန်ထိ သွက်နေတာပဲ ကြီးလာရင်တော့မသိဘူး။ ကလေးက သားသားမှ မဟုတ်ဘူး သွက်ကြတယ်။သားသားအတွက် အဖော်ရအောင် နောက်ထပ် ကလေးက ယူဖို့ ရှိပါတယ်။ တစ်ယောက်တည်းဆိုတော့ မကောင်းဘူးထင်တယ်လေ။ မောင်နှစ်မနှစ်ယောက်ဆိုတော့ တိုင်တိုင်ပင်ပင် ဖေးဖေးမမရှိတယ်။ “ လို့ သူမက ဒီဇင်ဘာ(၁၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Shwe FM (9) နှစ်ပြည့်ပွဲမှာ ပြောပြခဲ့တာပါ။

Photo : baby & me

ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ မိုးယုစံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး သားလေးကို ၂၀၁၇ခုနှစ် သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီခန့်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မြန်မာနာမည်ကတော့ ကောင်းသိင်္ခမိုးသူဆိုပြီး ပေးထားတဲ့ သားလေးဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ကလေးလည်း ဖြစ်ပါတယ်။

Photo : baby & me

မိုးယုစံကတော့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့ တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုး ယုစံတို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Share

က္က