ပထမပိုင်း ၃ မိနစ်မှာပဲ အသင်းခေါင်းဆောင်လိုရစ်ကို ဆုံးရှုံးခဲ့ရတာပါ။

ယနေ့ညနေ ၆ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘရိုက်တန်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ပွဲစဉ်မှာ အိမ်ရှင် ဘရိုက်တန်အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်း စတင်ပြီး ၃ မိနစ်မှာပဲ မူပေးက ဘရိုက်တန်အသင်းအတွက် အဖွင့်ဂိုးကို လိုရစ်ရဲ့အမှားကနေ တဆင့် သွင်းယူပေးခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးဂိုးသမား လိုရစ်ဟာ ဘောလုံးကို ဖမ်းယူအပြီး ပြန်အကျမှာ မတော်တဆဖြစ်ပြီး ဘယ်ဖကျလကျ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

လိုရစ်ကို ကွင်းအတွင်းမှာ အချိန်အတော်ကြာ ကုသပြီးနောက် လူစားလဲလှယ်ခဲ့ရပြီး ပေါ်လိုဂက်ဇနိုက်ဂါက လူစားဝင်ကစားပေးခဲ့ပါတယ်။ ၃၂ မိနစ်မှာ ကွန်နယ်လီက ဘရိုက်တန်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ၁၉၉၉ ခုနှစ်က ကိုဗင်ထရီနဲ့ ဒါဘီတို့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘီကိန်းနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် ဂိုးသွင်းယူနိုင်တဲ့ အိုင်းရစ်လူမျိုး ဆယ်ကျော်သက်ကစားသမားဖြစ်ခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဒုတိယပိုင်းမှာလည်း ဘရိုက်တန်အသင်းဘက်ကို တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘရိုက်တန်အသင်းရဲ့တိုက်စစ်ကိုသာ ကာကွယ်ခဲ့ရတာကို တွေ့ရပါတယ်။ ဘရိုက်တန်အသင်းက ဧည့်သည်စပါးကို တောက်လျှောက်ဖိအားပေးခဲ့ပြီး ကွန်နယ်လီကပဲ ၆၅ မိနစ်မှာ လူးဝစ်ဒန့်ခ်ရဲ့ ဖန်တီးပေးမှုကနေတဆင့် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ(ချယ်ဆီးကို ၁-၆၊ ကိုဗင်ထရီကို ဝ-၄ နဲ့ ရှုံး)နောက်ပိုင်း ၂ ပွဲဆက် ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၂ ပွဲမှာ ပေးဂိုး ၁၀ ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က