ချဲလ်ဆီးအသင်းအနေနဲ့ ၁၆နှစ်တာကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အပြောင်းအရွှေ့ဈေး ကွ က်ကနေ အမြတ်အစွန်းများစွာရရှိ ခဲ့တာလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးအသင်းအနေနဲ့ အခုနှစ်ဘောလုံးရာသီတွင် ကစားသမားသစ်ဝယ်ယူခွ င့်ပိတ်ပင်ခံထားရပေမယ့် ထိပ်တန်းကစားသမားအချို့ကို ထွက်ခွာခွင့်ပေးခဲ့ရတဲ့ စံချိန်တင်ဝင်ငွေအမြ တ်အစွန်းရရှိခဲ့တယ်လို့ The Sun က မှတ်တမ်းများနဲ့အတူ ဖော်ပြလာပါတယ်။
၂၀၁၉-၂၀ ဘောလုံးရာသီအစတွင် ချဲလ်ဆီးအသင်းကို စပြီးတာဝန်ယူခဲ့တဲ့ နည်းပြလမ်းပတ်အနေနဲ့ အပြောင်းအရွှေ့ပိတ်ပြစ်ဒဏ်ကြောင့် ကစားသမားသစ်ခေါ်ယူခွင့်မရှိတဲ့အတွက် အသုံးစရိတ်မရှိခဲ့ ဘဲ ကစားသမားရောင်းချခြင်းသာရှိခဲ့လို့ အခုလိုအမြတ်ငွေရရှိခဲ့တာလည်းဖြစ်ပါတယ်။
အခုနှစ်ဘောလုံးရာသီတွင် အမြတ်အစွန်းအဖြစ် ပေါင် ၁၃၃သန်းအထိရရှိခဲ့တာဖြစ်ပြီး အသင်းအတွ က် အပြောင်းအရွှေ့ကနေ စံချိန်တင်အမြတ်ရရှိခဲ့တာဖြစ်ပြီး အသင်းပိုင်ရှင်အေဗရာမိုဗစ်ချ်လက်ထက် မှာလည်း အများဆုံးပမာဏဖြစ်လာခဲ့တာပါ။
ချဲလ်ဆီးအသင်းပိုင်ရှင်အေဗရာမိုဗစ်ချ်အနေနဲ့ အသင်းကို စပြီးဝယ်ယူပြီးကတည်းက အပြောင်းအရွှေ့ အတွက် စံချိန်တင်အသုံးစရိတ်များစွာအသုံးပြုခဲ့ပြီး လက်ရှိအချိန်အထိ ၁၆နှစ်တာကာလအတွင်း ပေါ င် ၇၄၄သန်းအထိ အရှုံးပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။
မှတ်တမ်းတွေအရ ချဲလ်ဆီးအသင်းကို ဥရောပထိပ်တန်းအသင်းဖြစ်အောင် လုပ်ဆောင်ပေးခဲ့တဲ့ နည်း ပြမော်ရင်ဟိုက အသင်းပိုင်ရှင်အေဗရာမိုဗစ်ချ်လက်ထ က် အသုံးစရိတ်အများဆုံးရရှိခဲ့တဲ့နည်းပြြ ဖစ်ခဲ့ ပြီး ပေါင် ၃၆၅သန်းအထိ အသုံးပြုခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။