ကျောင်းသူနှစ်ဦးရဲ့ လူသတ်ရန် အသေးစိတ်အစီအစဉ်ပါ ဖိုင်တွဲကို ကျောင်းဆရာက တွေ့ရှိခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ ဆယ်ကျော်သက် ကျောင်းသူနှစ်ဦးကို အတန်းဖော်ကိုးဦးကိုသတ်ရန် ကြံစည်နေမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

(အမေရိကန် စာသင်ခန်းတစ်ခု) (Photo: Getty Images)

Avon Park အလယ်တန်းကျောင်းမှ အသက် ၁၄ နှစ်အရွယ် ကျောင်းသူနှစ်ဦးက လူသတ်ရန်စီစဉ်ထားတဲ့ အသေးစိတ် အစီအစဉ်ပါ ဖိုင်တွဲတစ်ခုကို ကျောင်းဆရာက တွေ့ရှိခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ (ဧပြီ ၁၇ ရက်) မှာ ၎င်းတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖိုင်တွဲထဲမှ မှတ်စုစာရွက် ၈ ခုမှာ ဆယ်ကျော်သက် ကျောင်းသူနှစ်ဦးက သေနတ်များရယူရန်နဲ့ အလောင်းတွေကို ဖျောက်ဖျက်ပစ်ရန် အစီအစဉ်တွေကို ရေးထားတယ်လို့ဆိုပါတယ်။



၎င်းတို့နှစ်ဦးလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားရုံးကြာနာမှုကိုတော့ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။ အဆိုပါ ကျောင်းသူတစ်ဦးစီဟာ လူသတ်မှုကျူးလွန်ရန် ပူးပေါင်းကြံစည်မှု ၉ မှုနဲ့ ပြန်ပေးဆွဲရန် ပူးပေါင်းကြံစည်မှု ၃ မှုတို့ဖြင့် စွဲချက်တင်ခံရကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ ကျောင်းသူနှစ်ဦးက ဖိုင်တွဲကို ဆောက်တည်ရာမရဖြင့် လိုက်လံရှာဖွေနေတာကို သတိပြုမိခဲ့ပါတယ်။

(ကျောင်းသူနှစ်ဦးကို ထိန်းသိမ်းထားသည့်နေရာ) (Photo: Google Street View)

ဒါ့အပြင် ၎င်းတို့ထဲမှ တစ်ဦးက 'တစ်ကယ်လို့ သူတို့က ဖိုင်ကိုတွေ့သွားရင် ဒါမှမဟုတ် ငါ့ကိုခေါ်ခဲ့ရင် ဒါက စနောက်တာလို့ သူတို့ကို ပြောလိုက်တော့မယ်' လို့ ပြောဆိုနေသံကိုလည်း ကြားခဲ့ရတယ်လို့ဆိုပါတယ်။

ထို့နောက် ကျောင်းဆရာက ၎င်းတို့ရဲ့ဖိုင်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး ဖိုင်အဖုံးပေါ်မှာ 'ကိုယ်ပိုင် သတင်းအချက်အလက်' 'မဖွင့်ရ' နဲ့ 'ပရော့ဂျက် ၁၁/၉' လို့ ရေးသားထားမှုတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဖိုင်ထဲမှ မှတ်စုစာရွက်တွေမှာတော့ အမည်စာရင်းနဲ့ မည်သို့သတ်ဖြတ်မယ်ဆိုတဲ့ အသေးစိတ် အစီအစဉ်တွေကို လက်ရေးဖြင့် ရေးသားထားကြောင်း NBC သတင်းက ပြောပါတယ်။

(Avon Park အလယ်တန်းကျောင်း) (Photo: Google Street View)

အဆိုပါ စာရွက်စာတမ်းတွေထဲမှာ သေနတ်များရယူရန်၊ သက်သေအထောက်အထားတွေကို မီးရှို့ဖျက်စီးရန်နဲ့ ၎င်းတို့သတ်မယ့် လူတွေရဲ့ အလောင်းများမြှုပ်နှံရန် အစီအစဉ်တွေကို ရေးထားခဲ့ပါတယ်။ ဒါ့အပြင် လူသတ်စဉ်မှာ မည်သည့် ဝတ်စုံများဝတ်ဆင်မယ့်အကြောင်းကိုလည်း မှတ်စုတစ်ခုမှာ ရေးသားထားတယ်လို့ဆိုပါတယ်။

"သူတို့က ဒါကို နောက်ပြောင်ကျီစယ်မှုလို့ တွေးခဲ့တယ်ဆိုရင်တော့ ပြဿနာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီလိုပုံစံ နောက်ပြောင်ကျီစယ်လို့ မရပါဘူး၊ လူတွေကိုသတ်တယ်ဆိုတာမျိုးက နောက်ပြောင်ကျီစယ်လို့ မရပါဘူး" လို့ Highlands County ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စကော့ဒရက်ဆဲလ်ရဲ့ ပြောကြားမှုကို Fox47 သတင်းဌာနကို ဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က