ကလေးငယ်ဟာ ပျောက်ဆုံးနောက် မနက်ပိုင်း ကိုင်းတောထဲမှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အသက်၁နှစ်နဲ့၉လအရွယ်သာရှိသေးတဲ့သမီးလေးကို အိမ်ကိုအမြဲဝင်ထွက်သွားလာနေသူဦးဇင်းက ကလေးအိပ်ပျော်နေစဉ်ခိုးယူကာ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။ ဇွန်လ(၁၅)ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမှာဖြစ်ပွားခဲ့တာပါ။



ဖြစ်စဉ်မှာ ကလေးအဖေနဲ့အမေက ဘုန်းကြီးကျောင်းရှိရုံးခန်းမှာ မောင်နှမနှစ်ယောက်ကိုသိပ်ထားခဲ့တာပါ။ အဲဒီနောက် သူတို့က ရုံးခန်းအပြင်မှာရေသန့်ဗူးတွေဆေးကြောနေရာက ရုံးခန်းထဲဝင်ကြည့်တော့သမီးလေး ပျောက်ဆုံးနေခဲ့တာ ဖြစ်တယ်လို့ ကလေးရဲ့ဖခင်ထံကနေသိရပါတယ်။

`` ကျွန်တော်တို့ လင်မယားနှစ်ယောက်ကအပြင်မှာ အလုပ်လုပ်နေတာ သတိရလို့အထဲကိုဝင်ကြည့်လိုက်တော့ သမီးလေးကမရှိတော့ဘူး။ အဲဒီအခါကျမှ ဘုန်းကြီးကျောင်းထဲမှရှိတဲ့ ဦးဇင်းတွေကော ကိုရင်တွေကောအကုန်ဝိုင်းပြီးအပူတပြင်းရှာကြတာ။ မတွေ့ဘူးသမီးလေးကို နောက်နေ့မနက်ကျမှ ကိုင်းတောထဲမှာသွားတွေ့တာ။ ဒါတောင်ကျွန်တော်တို့တွေ့တာမဟုတ်ဘူး။ အဲဒီနားမှာနေတဲ့သူကတွေ့ပြီးပြောလို့ သွားကြည့်မှသမီးလေးဖြစ်နေတာ။ တွေ့တွေ့ချင်းကလေးက တစ်ညလုံးဆိုတော့ ခြင်တွေ အကောင်တွေကိုက်ထားတော့ ကလေးကို ဆေးခန်းသွားပြတယ်။ ဆေးခန်းကဆရာမကအရေးကြီးလို့ ဆေးရုံသွားဆိုတော့ ဆေးရုံသွားကြတယ်။ ဆေးရုံကဆရာဝန်ကစစ်ဆေးတော့မှ ကလေးက အဓမ္မပြုကျင့်ခံထားကတယ်ဆိုပြီးသိရတာ "လို့ ကလေးရဲ့ ဖခင်ဖြစ်သူက Duwunကိုပြောပါတယ်။



ဖမ်းဆီးရမိထားတဲ့ တရားခံဟာ ရင်းနှီးပြီးအမြဲဝင်ထွက်သွားလာနေတဲ့ ဦးဇင်းဖြစ်တယ်လို့ ဖခင်ဖြစ်သူက ယနေ့ညပိုင်းမှာ ပြောပါတယ်။

"သမီးလေးကတော့ အခုထိတ်ထိတ်လန့်လန့်နဲ့ လူအရမ်းကြောက်နေတယ်။ သူ့နားသွားရင် မျက်နှာလေးကိုအုပ်ထားတာ အဖေပါဆိုပြီးပြောပြီးအနားကပ်တာတောင် သူ့ပုံစံကကြောက်နေတယ်"လို့ ကလေးရဲ့ဖခင်ကပြောပါတယ်။

တရားခံကိုတော့ လက်ရှိမှာလူဝတ်လဲစေကာ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရပါတယ်။

Share

Loading Next Article...
က္က