နှစ်ကုန်ပိုင်းလောက် မင်္ဂလာဆောင်ဖြစ်ပါမယ်တဲ့။

ချစ်စနိုးဦးဟာ ချစ်သူဖြစ်တဲ့ အဆိုတော်ဖိုးသားနဲ့ မကြာခင်မှာ မင်္ဂလာပွဲကျင်းပတော့မှာပါ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိစွာတဲ့ နှစ်တွေ အကြာကြီး လက်တွဲပြီးမှ လက်ထပ်ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo: Chit Snow Oo

သရုပ်ဆောင် ချစ်စနိုးဦးက ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ လက်ထပ်ပွဲကျင်းပတော့မယ်လို့ သိရပါတယ်။ သူဟာ ချစ်သူဖြစ်တဲ့ အဆိုတော် ဖိုးသားနဲ့ ချစ်သူသက်တမ်း ၅ နှစ်ကျော် ပြီလို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ မင်္ဂလာသတင်းကို မှန်းထားတာကတော့ ဒီနှစ်ကုန်ပေါ့နော်။ ဘယ်ရက်ဖြစ်မလဲဆိုတာတော့ သေချာမသိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုမှ ကိုယ်လည်း ယူဖို့အတွက် ပထမဆုံးပြင်ဆင်တာဆိုတော့ အတွေ့အကြုံလည်း မရှိဘူး။ ဟိုတယ်ဒိတ်တွေက နှစ်နဲ့ချီပြီးယူရတယ်ဆိုတာ အခုမှ သိတာလေ။ ဟိုတယ်က ပေးတဲ့ ဒိတ်နဲ့ ရတဲ့ဟာကိုပဲ လုပ်ရမှာ။ ပထမကတော့ နိုဝင်ဘာ မှန်းထားပေမယ့် အပြောင်းအရွှေ့လေး ရှေ့တိုးနောက်ဆုတ်လည်း ဖြစ်ရင် ဖြစ်သွားမယ်။ အတိအကျတော့ မသိသေးပါဘူး’’ လို့ ဆိုပါတယ်။

Photo: Chit Snow Oo

သူတို့ ချစ်သူ နှစ်ဦးကိုတော့ လိုက်ဖက်တဲ့ စုံတွဲလေးကြောင့် မင်္ဂလာသတင်းကြားရတဲ့ အချိန်မှာ ပရိသတ်တွေကလည်း အရမ်းကို ပျော်နေခဲ့ကြပါတယ်။ ချစ်သူအပေါ် ယုံကြည်မှုအပြည့်အဝရှိတာကြောင့် လက်ထပ်ဖို့အထိ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

‘’ အစကတည်းကတော့ သူလည်းချစ်တယ်၊ ကိုယ်လည်း ချစ်လို့ တွဲကြတယ်။ တဖြည်းဖြည်းနဲ့ ယုံကြည်မှုလည်းရလာတယ်။ သူလည်း ကိုယ့်ကို နားလည်မှုအများကြီးလည်း ပေးနိုင်တယ်ပေါ့။ နှစ်ယောက်စလုံးကလည်း မိဘကို အရမ်းချစ်ကြတယ်။ ကိုယ့် တစ်ဘဝလုံး သူ့ကို ယုံကြည်ပြီး အပ်နှံလို့ ရတယ်ထင်လို့ ရွေးချယ်ဖြစ်တာပါ’’လို့ မတ်လ ၂၉ ရက်နေ့က ၂၉ ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Chit Snow Oo

ချစ်စနိုးဦးက သူမရဲ့ မွေးနေ့မှာ ချစ်သူဆီက လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့အပေါ် ဝမ်းသာပီတိဖြစ်ခဲ့တဲ့အကြောင်းပြောပြပါတယ်။ ဒီနှစ်မွေးနေ့လေးကတော့ သူမအတွက် အထူးခြားဆုံး နှစ်တစ်နှစ်ပါလို့ ဆိုပါတယ်။

‘’ မွေးနေ့မှာ ဖြစ်သွားတာဆိုတော့ ပိုပြီး အမှတ်တရဖြစ်တာပေါ့နော်။ အရင်တုန်းကဆိုရင် Dinner လုပ်ပေးတာလောက်ပဲရှိတာ။ ချစ်သူသက်တမ်း ၅ နှစ်နဲ့ ၉ လထဲမှာ တစ်ခါမှ ရုပ်ရှင်မကြည့်ဖူးဘူး။ ပွဲဖိတ်တာ တစ်ခါလားပဲ ကြည့်ဖူးတာ ဒါတောင် သူအရမ်းခင်လို့သွားတာ။ ရုပ်ရှင်သွားကြည့်ရတာ သူကမကြိုက်ဘူး။ အဲဒီနေ့မှာ ရုပ်ရှင်သွားပြမယ်ဆိုတော့ အံမယ် တယ်ဟုတ်ပါလားပေါ့။ ဟိုရောက်တော့ သူ့သူငယ်ချင်းတွေရော၊ သူ့မိသားစုတွေရော၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိသားစုတွေရော သေချာလေး စီစဉ်ပြီး ဖိတ်ထားတော့ အရမ်းပျော်တာပေါ့။ ဒါကတော့ မိန်းကလေးတိုင်း ပျော်မိမှာပါ’’ လို့ သူကဆိုပါတယ်။

Photo: Chit Snow Oo

ချစ်စနိုးဦးဟာ အနုပညာလောကမှာ ပရိသတ်အားပေးမှုနဲ့ နေရာတစ်နေရာ ရရှိထားသူ တစ်ဦးဖြစ်ပြီး အနုပညာသက်တမ်း ကိုးနှစ်မှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ ဖခင်ရဲ့ ကျန်းမာရေးကြောင့် အနုပညာ အလုပ်တွေကို နားထား တာရာကနေ အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာတာလည်း တွေ့ရပါတယ်။

Share

Loading Next Article...
က္က