လီဗာပူးနဲ့လိဒ်ယူနိုက်တက်က ချန်ပီယံ အတူတူဖြစ်တတ်တဲ့ အတိတ်ကောင်းတွေ ရှိထားပြီး ၁၉၆၃-၆၄တုန်းက တစ်ကြိမ်၊၁၉၈၉-၉၀ တုန်းက တစ်ကြိမ် အတူတူ ချန်ပီယံဖြစ်ထားတာပါ။
၁၉၉၂-၉၃ ဘောလုံးရာသီမှစပြီး ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲကျင်းပခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်လို့ ပြောင်းလဲကျင်းပကတည်းက လီဗာပူးအသင်းဟာ ချန်ပီယံဆုကို မရရှိနိုင်တော့တာလည်း ဒီနေ့အထိပါပဲ။
လီဗာပူးအသင်းဟာ Division 1 လို့ အမည်တွင်တဲ့ ဆုဖလားကိုတော့ ၁၉၉၀ ခုနှစ်က နောက်ဆုံးရရှိခဲ့ပြီး စုစုပေါင်း ၁၈ ကြိမ်အထိ ဆွတ်ခူးခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားကို ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်မယ့် အခွင့်အရေးနဲ့ အနီးစပ်ဆုံးကို ရောက်ရှိခဲ့ပါသေးတယ်။
အဲ့ဒီနှစ်ကတော့ ၂၀၁၃-၁၄ ဘောလုံးရာသီဖြစ်ပြီး လီဗာပူးအသင်းဟာ ပွဲစဉ် ၃၅ အထိ ဒုတိယနေရာက ချဲလ် ဆီးကို ၅ မှတ်အသာနဲ့ ဦးဆောင်နေပေမယ့် ပွဲစဉ် ၃၈ ပွဲအပြီးမှာတော့ မန်စီးတီးအသင်းရဲ့ ၂ မှတ်ဖြတ် ကျော်တက်မှုခံခဲ့ရပြီး ချန်ပီယံဆုဖလားနဲ့ ဝေးကွာခဲ့ရတာ ဖြစ်ပါတယ်။
အခုချိန်မှာတော့ ပရီးမီးယားလိဂ် ချိန်ခွင်လျှာ တစ်ပတ်ပြန်လည်လာပြီလို့ ဆိုရမှာ ဖြစ်ပြီး လီဗာပူးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ကို ဦးဆောင်နေပြီ ဖြစ်ပါတယ်။ ထူးခြားတဲ့ တိုက်ဆိုင်မှုကတော့ လီဗာပူးအသင်း ချန်ပီယံ ဖြစ်ခဲ့တဲ့ ၁၉၈၉-၉၀ ခုနှစ်က ဖြစ်ပြီး အဲ့ဒီတုန်းက လိဒ်ယူနိုက်တက်အသင်း တန်းတက်တာနဲ့ ကြုံရတာပါပဲ။
လိဒ်ယူနိုက်တက်အသင်းဟာ Divisionn 1 ကို တန်းဆင်းကစားပြီး ၈ နှစ်အကြာမှာ အဆင့် (၁)နဲ့ တန်းပြန် လည်တက်နိုင်တဲ့နှစ်မှာ လီဗာပူးအသင်းကလည်း ချန်ပီယံ ဖြစ်ခဲ့တာပါ။
အခုတစ်ကြိမ်မှာလည်း ဒီလို အဖြစ်အပျက်မျိုးတွေ ပြန်လည်မြင်တွေ့ရဖို့ နီးစပ်နေပြီ ဖြစ်ပြီး လီဗာပူးအသင်းကလည်း ပရီးမီးယားလိဂ် ပထမဆုံး ဆုဖလားအတွက် လက်ရှိ ပွဲစဉ် ၂၆ ပွဲအထိ ကစားပြီးချိန်မှာ အမှတ်ပေးဇယားထိပ်မှာ ရှိနေသလို လိဒ်ယူနိုက်တက်အသင်းကလည်း ၃၂ ပွဲ ကစားပြီးချိန်မှာ ချန်ပီယံရှစ် အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။
ဒီနှစ်သင်းရဲ့ ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ ဆိုရမလား တစ်သင်းက ချန်ပီယံ ဖြစ်တဲ့အချိန် တစ်သင်းကလည်း ချန်ပီ ယံ လိုက်ဖြစ်တတ်တာပါပဲ။ ၁၉၆၃-၆၄ ဘောလုံးရာသီမှာ လီဗာပူးက လိဂ်(၁)မှာ ချန်ပီယံ ဖြစ်တုန်းကလည်း လိဒ်ယူနိုက်တက်က လိဂ်(၂)မှာ ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။
ဒါကြောင့် သူတို့နှစ်သင်းဟာ ချန်ပီယံ ဖြစ်ရင် အတူတူ ဖြစ်တတ်တဲ့ အတိတ်ကောင်းရှိနေပြန်တော့ ဒီတစ်ကြိမ် နှစ်ပေါင်း ၃၀ အကြာ ၂၀၁၈-၁၉ ဘောလုံးရာသီမှာလည်း နှစ်သင်းစလုံးက လိဂ်ကိုယ်စီမှာ ထိပ်ဆုံးက ဦး ဆောင်ပြေးနေလေတော့ ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး ဆွတ်ခူးမယ့် လီဗာပူးနဲ့ ပရီးမီးယားလိဂ်ကို ၁၅ နှစ်ကြာ ဝေးကွာနေတဲ့ လိဒ်တို့ရဲ့ တစ်ကျော့ပြန် ခရီးတို့ကိ အတူတူ ပြန်မြင်ရတော့မှာလား ဆိုတာ………။