အာဆင်နယ်ကို အိမ်ကွင်းမှာ တစ်ဂိုးစီ သရေကျလိုက်တာပါ။

၁၉၈၉-၉၀ ခုနှစ်က ၇ ပွဲ ကစားပြီးချိန်မှာ အဆင့် ၁၃ ထိဆင်းသက်ရပ်တည်နေပြီး ဒီနှစ်မှာတော့ ၇ ပွဲကစားပြီးချိန် အဆင့် ၁၀ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ အနိုင်မယူနိုင်ပဲ သရေသာ ကစားနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အ သင်းကတော့ နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်နဲ့ ရင်ဆိုုင်နေရပြီလို့ BBC SPORTရဲ့ ဖော်ပြ ချက်အရ သိရပါတယ်။



နှစ်သင်းစလုံးရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတကာ မီဒီယာတွေက တစ်ဦးနဲ့တစ်ဦး အရင်လို ပြင်းထန်တဲ့ တိုက်ပွဲမျိုး ဖန်တီးနိုင်စွမ်းမရှိတော့ပဲ ပရီးမီးယားလိဂ် စိန်ခေါ်မှုနဲ့ တဖြေးဖြေး  ဝေးလာကြပြီလို့လည်း သုံးသပ်နေကြပါတယ်။

ယူနိုက်တက်အသင်းက ပထမပိုင်း နာကျင်အချိန်ပိုမှာ ၁၈ ကိုက်စည်းထိပ်ကနေ အမှတ်မထင်ကန်သွင်းပြီး ယူနိုက်တက်ကို ဦးဆောင်စေခဲ့ပေမယ့် ဒုတိယပိုင်းမှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းက လူကျွံအနေအ ထားကနေ ချေပဂိုးသွင်းယူခဲ့ပါတယ်။



စည်းကြပ်ဒိုင်က လူကျွံဘောထောင်ခဲ့ပေမယ့် ဗီဒီယို စောင့်ကြည့်စနစ်ပြန်ကြည့်ရာမှာတော့ မကျွံတာကြောင့် ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် ဒီသရေရလဒ်ကြောင့် အဆင့် ၄ မှာ ရမှတ် ၁၂ မှတ်နဲ့ ရပ်တည်နေနိုင်ပေမယ့် ယူနိုက်တက်အသင်းအတွက်တော့ အဆင့် ၁၀ မှာ ၉ မှတ်နဲ့ ရပ်တည်နေရပါတယ်။

ဒီဖြစ်စဉ်က နှစ်ပေါင်း ၃၀အတွင်း ပထမဆုံး ၇ ပွဲ ကစားပြီးချိန်မှာ အဆိုးရွားဆုံး အဆင့်ရပ်တည်မှုဖြစ်ပြီး ၁၉၈၉-၉၀ ခုနှစ်က ၇ ပွဲကစားပြီးချိန်မှာ အဆင့် ၁၃ ထိရပ်တည်ခဲ့တာပါ။

အာဆင်နယ်အသင်းအတွက်ကလည်း အခုလိုအိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ် ၂ ပွဲစလုံးမှာ နိုုင်ပွဲမရှိပဲ သရေရလဒ်သာ ထွက်ပေါ်နေတာ ၂၀၀၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က