အရင်ကလည်း နှစ်ယောက်ပေါင်းပြီး သီချင်းတွေ သီဆိုခဲ့ပါသေးတယ်။

စန္ဒီမြင့်လွင်နဲ့ ဆိုဖီယာတို့ အတူပေါင်းပြီး အတွဲအခွေ ထွက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ စန္ဒီမြင့်လွင်ကတော့ ကိုယ်ဝန်ဆောင်ထားချိန်မှာလည်း အနုပညာအလုပ်တွေ အဆက်မပြတ် လုပ်နေခဲ့တာကို တွေ့ရပါတယ်။

Photo: Sandy Myint Lwin



ဆိုဖီယာနဲ့ စန္ဒီမြင့်လွင်တို့ အတူ အတွဲခွေ ထွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အခွေ နာမည်ကတော့ ‘’စတင်ခြင်း’’ လို့ အမည်ပေးထားပါတယ်တဲ့။

‘’ဆိုဖီယာ နဲ့အတွဲခွေအတွက် မိုးထက်ရေးပေးတဲ့သီချင်း ဒီနေ့ စဆို။ သီချင်းအရမ်းကြိုက်တယ်’’ ဆိုပြီးတော့ မေလ ၂၂ ရက်နေ့ ည ၇ နာရီကျော်က စန္ဒီမြင့်လွင်ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သီချင်းသွင်းနေစဉ် အမှတ်တရဓာတ်ပုံတွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။ ဒီသီချင်းကိုတော့ M United Entertainment ကနေ ထုတ်လုပ်သွားမှာပါ။ အခွေ နာမည်ကတော့ ‘’စတင်ခြင်း’’ လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။

ဆိုဖီယာနဲ့ စန္ဒီမြင့်လွင်တို့ အတူတွဲသီဆိုထားခဲ့ကြတဲ့ ပထမဆုံးသီချင်းက I.D.F.C ဆိုတဲ့ သီချင်း ဖြစ်ပါတယ်။ ဒီသီချင်းကလည်း LGBT ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။ စန္ဒီမြင့်လွင်ကလည်း တစ်ကိုယ်တော်အခွေပေါင်းများစွာ ထွက်ရှိထားသလို ဆိုဖီယာကလည်း တစ်ကိုယ်တော်အခွေ တစ်ခွေနဲ့ ကိုယ်ပိုင်သီချင်းများစွာတို့ ထွက်ရှိပြီးသားသူ တစ်ယောက်ဖြစ်ပါတယ်။

Photo: Sandy Myint Lwin

ဆိုဖီယာကလည်း လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ဦးပါ။ သူမ နောက်ဆုံးထွက်ရှိထားတဲ့ ‘’Medusa’’ သီချင်းကလည်း အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ ဆိုဖီယာကိုတော့ Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက်Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အနေနဲ့အွန်လိုင်းကနေပဲ သီချင်းအသစ်တွေ ဖန်တီးပေးနေတာဖြစ်ပါတယ်။ ဆိုဖီယာဟာ ဂီတဘက်မှာအောင်မြင်နေရုံသာ မက သရုပ်ဆောင်အဖြစ်နဲ့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်လို့ သိရပါတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်ကတော့ လက်ရှိမှာ ပထမဆုံးကလေးကို ကိုယ်ဝန်လွယ်ထားရတာဖြစ်ပြီး ၇ လပိုင်းအတွင်းမှာ မွေးဖွားတော့မယ်လို့ သိရပါတယ်။ အနုပညာကို ချစ်မြတ်နိုးတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ကိုယ်ဝန်လွယ်ထားရချိန်မှာတောင် ဂီတအလုပ်တွေ ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က