ကြည်နူးပီတိ ဖြစ်ရပါတယ်။

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုဟာ ဒီနေ့မှာ အလှူတစ်ခု ပြုခဲ့ပါတယ်။ ဝင်းစိန်ဆရာတော်ကြီးရဲ့ မွေးနေ့ပွဲမှာ အလှူငွေ သိန်းပေါင်း(၆၀၀၀)ကျော်ကို ပါဝင်ကုသိုလ်ယူ လှူဒါန်းခဲ့တာပါ။

Photo : ဇေသီဟ FB

သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုဟာ ဒီနေ့(ဇန်နဝါရီ၃၀ရက်)မှာ ကျရောက်တဲ့ ဝင်းစိန်တောရဆရာတော်ကြီးရဲ့ မွေးနေ့ပွဲကို သွားရောက်ရင်း အလှူဒါနပြုခဲ့တာ တွေ့ရပါတယ်။ ဆရာတော်ကြီးရဲ့ မွေးနေ့ပွဲမှာ အလှူငွေ သိန်းပေါင်း (၆၃၀၀)ကို လှူဒါန်းခဲ့တာပါ။

Photo : ဇေသီဟ FB

မိသားစုလိုက် အလှူဒါနပြုခဲ့တဲ့ ပုံလေးတွေကိုလည်း နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုဇေသီဟရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတာ တွေ့ရပါတယ်။ သူတို့မိသားစုရဲ့ အလှူလုပ်နေတဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးပီတိဖြစ်နေကြပါတယ်။

သရုပ်ဆောင် နန္ဒာလှိုင်ဟာ အလှူအတန်းတွေနဲ့ ပတ်သက်လာရင် လက်မနှေးသူလည်း ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ ဘုရားတည်၊ ကျောင်းဆောက်တာတွေမှာ ပါဝင်ကုသိုလ်ယူဖြစ်သလို အခြား ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။

Photo : ဇေသီဟ FB

အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ သရုပ်ဆောင် နန္ဒာလှိုင်ဟာ ယခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။

နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝကို တည်ဆောက်နေသူဖြစ်ပါတယ်။

Photo : ဇေသီဟ FB

အနုပညာလောကမှာ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သူမဟာ ၁၉၉၈ခုနှစ်က ရွှေနံ့သာစံအိမ်နဲ့ အကောင်းဆုံးအမျိုး သမီးဇာတ်ပို့ဆု၊ ၂၀၀၆ ခုနှစ်က တောင်တမန်သစ္စာဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတို့ဖြင့် အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က