၂ ရက်အကြာမှာ ပြန်ပြီး restore လုပ်နိုင်ခဲ့ပါတယ်။

လူမမည်ကလေးငယ်ကို iPad ပေးသုံးမိတဲ့ ဖခင်တစ်ယောက်ဟာ ၂၀၆၇ ခုနှစ်ရောက်မှ နောက်တစ်ကြိမ် Lock ပြန်ဖွင့်ရမယ့် ကိန်းနဲ့ကြုံခဲ့ပါတယ်။

Photo: Fatherly

         The New Yorker မှ ဂျာနယ်လစ်ဖြစ်သူ အီဗန်အော့စ်နော့စ်ဟာ သူ့ရဲ့ Twitter မှာ ဒီအဖြစ်အပျက်ကို တင်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က သူဟာ Lock ကျသွားတဲ့ iPad screen ပေါ်က "Try Again in 25536442 minutes" ဆိုတဲ့ ပုံကို Twitter ပေါ် ရိုက်တင်ခဲ့ပါတယ်။ အဲဒီ Tweet မှာပဲ "ကြည့်ရင်တော့ လိမ်ထားတယ် ထင်စရာပဲဗျို့။ ဒါပေမယ့် ကျွန်တော့်သား ၃ နှစ်ကလေးက အကြိမ်ကြိမ် unlock လုပ်လိုက်တာနဲ့အခုလို ဖြစ်သွားတာပဲ" လို့ရေးထားပါတယ်။

         Apple ဟာ iPhone/iPad တွေမှာ စကားဝှက်အမှား အကြိမ်ကြိမ် ရိုက်ထည့်မယ်ဆိုရင် နောက်တစ်ကြိမ် Lock ဖွင့်ရမယ့် အချိန်ကို အကြာကြီး နောက်ဆုတ်ထားတဲ့ security feature တစ်ခု ထည့်ထားပါတယ်။ ဒါကြောင့်ပဲ အော့စ်နော့စ်ရဲ့ သားငယ်အနေနဲ့iPad ကို စကားဝှက်အမှားနဲ့အကြိမ်ကြိမ် lock ဖွင့်ရာမှာ အခုလို မိနစ်သန်းပေါင်းများစွာ ပိတ်ထားခံလိုက်ရတာ ဖြစ်ပါတယ်။

         အော့စ်နော့စ်ရဲ့ Twitter မိတ်ဆွေတွေဟာ သူ့Tweet အောက်မှာ အကြံပေးခဲ့ပြီး နှစ်ရက်အကြာမှာ သူဟာ DFU (Device Firmware Update) mode ထဲ ဝင်ပြီး iPad ကို restore လုပ်လိုက်တာကြောင့် ပြန်ဝင်လို့ရသွားပြီလို့သူ့ရဲ့ Tweet မှာ ရေးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က