လာမယ့်စက်တင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားမယ့် ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်ကို Duwun Sports က နှစ်ဖက်ပရိသတ်တွေ အတူတူပျော်ရွှင်စွာ ကြည့်ရှုနိုင်ဖို့အတွက် ဖိတ်ခေါ်ပြီး Watch Party ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
Duwun Sports က ကြီးမှူးကျင်းပတဲ့ Watch Party ကို ရှင်စောပုလမ်းနဲ့ ဗဟိုလမ်းထောင့်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ 69 Bar & Bistro Myanmar မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ယခုကျင်းပတဲ့ Watch Party ဟာ Duwun Sports က ကြီးမှူးကျင်းပတဲ့ ၃ ပွဲမြောက် Watch Party ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူး၊ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်တွေကို ၁၂ ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်မှာရှိတဲ့ YUFC Café နဲ့ အမှတ် ၇၄၊ မနော်ဟရီလမ်း၊ အလုံမြို့နယ်က Burbrit Taproom တို့မှာ အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။
၂၀၁၉-၂၀၂၀ ရာသီရဲ့ ပထမဆုံး Watch Party ပွဲမှာ ပြီးခဲ့တဲ့ပွဲတွေတုန်းကအတိုင်း ပျော်ရွှင်စရာဉာဏ်စမ်းအစီအစဉ်တွေ၊ ပွဲကိုတက်ရောက်လာကြတဲ့ နှစ်ဖက်ပရိသတ်တွေ အတူတူ ပျော်ပျော်ရွှင်ရွှင်ကစားနိုင်မယ့် ဂိမ်းအစီအစဉ်တွေ ထည့်သွင်းထားပါတယ်။
ချယ်ဆီးနဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားနေချိန်အတွင်း နှစ်ဖက်ပရိသတ်တွေတစ်စုုတစ်ဝေးတည်း ရင်ခုန်စိတ်လှုပ်ရှားစွာ အားပေးကြည့်ရှုနိုင်မှာဖြစ်သလို ပွဲစတင်ချိန်ကနေ ပွဲပြီးဆုံးတဲ့အချိန်အထိလည်း ပျော်စရာတွေပြည့်နှက်နေမှာဖြစ်ပါတယ်။
Duwun Sports ရဲ့ Watch Party ကို 69 Bar & Bistro Myanmar က အဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပြီး မိတ်ဆွေသူငယ်ချင်း၊ မိသားစုတွေနဲ့အတူ လာရောက်ပြီး အတူတူ ပျော်ပျော်ပါးပါး အားပေးကြည့်ရှုကြဖို့ ခင်မင်လေးစားစွာနဲ့ ဖိတ်ခေါ်လိုက်ရပါတယ်။