လိုရစ်အနေနဲ့ ဘရိုက်တန်အသင်းကိုအရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ တံတောင်ဆစ်ရိုးပြုတ်ထွက်ဒ ဏ်ရာ ကြောင့် အနားယူရတော့မှာလည်းဖြစ်ပါတယ်။
စပါးအသင်းရဲ့ အသင်းခေါင်းဆောင်ဂိုးသမားဖြစ်သူ လိုရစ်အနေနဲ့ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တံတောင်ဆစ်ရိုးပြုတ်ထွက်ခဲ့တဲ့အတွက် ရာသီဝက်ပွဲစဉ်များအထိ အနားယူရတော့မယ်လို့ အသင်းရဲ့ အတည်ပြုသတင်းထုတ်ပြန်ချက်ကို TheSun က ဖော်ပြလာပါတယ်။
လိုရစ်အနေနဲ့ ဘရိုက်တန်အသင်းရဲ့တောင်ပံကစားပါစကယ်ဂရော့ဘ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ကာ ကွ ယ်ဖို့ကြိုးစားရင်း ဟန်ချက်ပြတ်ပြုတ်ကျခဲ့ရာမှ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ရုပ်သံအနှေးပြကွက်များအ ရလ က်ကျိုးသွားခဲ့တယ်လို့ ဖော်ပြမှုတွေရှိနေခဲ့တဲ့အပေါ် စပါးအသင်းကအခုလိုအတည်ပြုသတင်းထုတ်ြ ပန် ခဲ့တာပါ။
“ လိုရစ်ရဲ့ ဒဏ်ရာကထင်သလောက်မပြင်းထန်ပါဘူး။ အရိုးကျိုးတယ်လို့ ယူဆခဲ့ရပေမယ့် ဆေးစစ်မှု အရတံတောင်ဆစ်အရိုးပြုတ်ထွက်သွားတာပါ။ အချိန်အတိုင်းအတာတစ်ခုအထိအနားယူရဖို့ပဲရှိပါတ ယ်။ နှစ်ကုန်ပိုင်းတော့ပြန်ကစားနိုင်ပါလိမ့်မယ်” လို့ စပါးအသင်းဆေးအဖွဲ့တာဝန်ရှိသူက အတည်ပြု ပေးခဲ့တာပါ။
နည်းပြပိုချက်တီနိုအနေနဲ့ လိုရစ်ဒဏ်ရာရရှိသွားခြင်းက အသင်းအတွက်ထိုးနှက်ချက်တစ်ခုဖြစ်လာ ခဲ့ တယ်လို့ ဝန်ခံခဲ့သလို အရံဂိုးသမား ဂါဇန်နီဂါနဲ့ လူငယ်ဂိုးသမားဝှိုက်မန်းတို့ကို အလှည့်ကျပွဲထွက်ခွ င့်ေ ပးဖို့ပြင်ဆင်ရတော့မယ်လို့ ဆိုခဲ့ပါတယ်။
ဆက်စပ်သတင်းတွေအရ လိုရစ်ရဲ့ဒဏ်ရာအခြေအနေမှာ ဆေးစစ်မှုတွေအရ ထင်သလောက်ဆိုးရွား ခဲ့ ခြင်းမရှိသလို ဒီဇင်ဘာပွဲကြပ်ကာလမတိုင်မီ အသင်းအတွက်ပြန်ပြီးကစားပေးနိုင်ဖွယ်ရှိနေတယ်လို့ လည်း ဖော်ပြမှုတွေရှိနေခဲ့တာပါ။