ဒီလလည်း ပေါက်ပြန်ပြီတဲ့။
တိုင်ရွန်ကတော့ ကံကောင်းကောင်းနေရောပါပဲ။ နှစ်လဆက်တိုက် ထီပေါက်ခဲ့လို့ ပျော်နေပါတယ်။

Photo : တိုင်ရွန်



မော်ဒယ် သရုပ်ဆောင် တိုင်ရွန်ကတော့ ထီကံ နှစ်လဆက်တိုက်ကို ကောင်းနေခဲ့တာပါ။ ဒီလမှာလည်း ငါးသောင်းဆု နှစ်ဆု ပေါက်တယ်လို့ ဆိုပါတယ်။

နစ်လဆက်တိုက် ပေါက်ပြီ  ပြီးခဲ့လကငါးသောင်းဆု ထီပေါက်လို့ ဒီလထပ်ထိုးတာ  ငါးသောင်းဆုငါးစောင်တွဲ တစ်စောင် ငါးသောင်း တစ်စောင်ပေါက်တယ်ဗျာ” ဆိုပြီး တိုင်ရွန်ရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၁) ရက်နေ့က ရေးသားထားတာပါ။ ထီလက်မှာ ဝ- ၈၂ နဲ့ ဆ ၅၀ တို့က ငါးသောင်းဆုဆီ ပေါက်ခဲ့တာပါ။နှစ်လဆက်တိုက် ကံတွေ ကံကောင်းနေတဲ့ သူ့ကို ပရိသတ်တွေကလည်း အားကျလို့နေပါတယ်။

Photo : တိုင်ရွန်

တိုင်ရွန်ဟာ အနုပညာအလုပ်အပေါ် ရူးသွပ်တဲ့အတွက် အောင်မြင်မှုတစ်ခုရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ဝါသနာပါတဲ့ အလုပ် လုပ်နေရတဲ့အတွက် ဒီအလုပ်နဲ့ပဲ သူ့ရဲ့ မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

''သူတို့ကို တီဗီပေါ်မှာ မြင်လို့ရတဲ့ မင်းသားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်လို့ ဂုဏ်ယူစေချင်ခဲ့တာလေ။ သူတို့ ကိုယ်တိုင်လည်း ပြန်ကြားနေရတယ် ဆိုတဲ့ အခါကျတော့ ကျွန်တော်ကိုယ်တိုင်လည်း အနေအထိုင် မတတ်တာလည်းပါပါလိမ့်မယ်။ ဒီကိစ္စကို မဖြေရှင်းတော့ပါဘူး။ ဖြေရှင်းလေ ပိုရှုပ်လေပဲ ဖြစ်တော့မယ် ဆိုတော့ ကျွန်တော့်အကြောင်းကို ကျွန်တော့် နောက်ကွယ်မှာပဲ ပြောပါစေ'' လို့ ဆိုပါတယ်။

Photo : တိုင်ရွန်

ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

Photo : တိုင်ရွန်

မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က