လိဂ် ၉ ပွဲမှာ ၈ ပွဲနိုင် တစ်ပွဲသရေကျထားပါတယ်။

မော်ရင်ဟိုက ဒီရာသီမန်ယူအသင်းကို လိဂ်နိုင်ပွဲ ၇ ပွဲသာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး ဆိုးလ်ရှားကတော့ ယခုအခါ ၈ ပွဲထိ အနိုင်ရရှိထားပါပြီ။

ကရာဗန်ကော့တော့ချ်မှာ သက်သောင့်သက်သာ အနိုင်ရခဲ့ပြီးနောက် မန်ယူးရဲ့ယာယီနည်းပြ ဆိုးလ်ရှားဟာ အသင်းကို ကာလရှည်ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုက ဒီနှစ်စွမ်းဆောင်ပေးခဲ့တာထက် ပိုသာတဲ့ စွမ်းဆောင်မှုကို ပြသနိုင်ခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။

ဆိုးလ်ရှားဟာ နည်းပြ မော်ရင်ဟိုနေရာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ ကာဒစ်ကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှစပြီး မန်ယူကို ကိုင်တွယ်ခဲ့သူပါ။ အခုဆိုရင် မန်ယူမှာ နည်းပြသက်တမ်း ၂ လထဲကို ရောက်ရှိနေပြီဖြစ်ပြီး လက်ရှိအချိန်အထိ မန်ယူအသင်းကို ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားနိုင်ပါပြီ။

ပရီးမီးယားလိဂ် ၉ ပွဲ ကစားထားချိန်မှာတော့ ၈ ပွဲနိုင် ၁ ပွဲသရေဆိုတဲ့ အထင်ကြီးစရာ ရလဒ်ကို စွမ်းဆောင်ထားနိုင်သလို ဒီရလဒ်ကပဲ နည်းပြမော်ရင်ဟို ၂၀၁၈ ခုနှစ်အတွင်း ဒီရာသီစွမ်းဆောင်ထားသမျှကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

မော်ရင်ဟိုဟာ ဒီနှစ် ပရီးမီးယားလိဂ်မှာ မန်ယူအသင်းကို နည်းပြအဖြစ် ၄ လကြာ ကိုင်တွယ်ခဲ့စဉ်အတွင်း ၇ ပွဲသာ နိုင်ပွဲရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ ၂ လမပြည့်ခင်မှာပဲ လိဂ် ၈ ပွဲအထိ နိုင်ပွဲရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး မော်ရင်ဟိုရဲ့ စွမ်းဆောင်ရည်ကို ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အသင်းကလည်း နိုင်ပွဲတွေနဲ့အတူ မော်ရင်ဟိုလက်ထက်က အဆင့် ၆ နေရာကနေ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာဖြစ်တဲ့ အဆင့် ၄ နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို ကစားရမှာဖြစ်ပြီး ဆိုးလ်ရှားအတွက် ပထမဆုံးချန်ပီယံလိဂ်ပွဲကို ကိုင်တွယ်ရတော့မှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က