အေးဆေးနေချင်ပါတယ်တဲ့။

ခြူးလေးနဲ့ ဟိန်းကိုကိုကျော်တို့ဟာ ချစ်သူသက်တမ်း(၂)ကျော်အကြာမှာ လမ်းခွဲခဲ့ကြတာပါ။ လမ်းခွဲစကားကိုလည်း ခြူးလေးဘက်က အရင်စပြောခဲ့ပေမယ့် နှစ်ဦးသား ပြန်အဆင်ပြေနိုင်ဖို့အတွက် သူ့ဘက်က ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။

Photo : we love hein koko kyaw & chue Lay

သရုပ်ဆောင် ဟိန်းကိုကိုကျော်က လက်ရှိမှာ ရည်းစားဟောင်းရဲ့ ကိစ္စကြောင့် ဝေဖန်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။ ခြူးလေးနဲ့ ဟိန်းကိုကိုကျော်တို့ဟာ ချစ်သူသက်တမ်း (၂)နှစ်ကျော်မှာ လမ်းခွဲခဲ့ကြတာပါ။လမ်းခွဲစကားကိုလည်း ခြူးလေးဘက်က အရင်စပြောခဲ့ပေမယ့် နှစ်ဦးသား ပြန်အဆင်ပြေနိုင်ဖို့အတွက် သူ့ဘက်က ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။

“အဆင်ပြေဖို့ ပြန်ကြိုးစားတယ်။ ဖုန်းတစ်လုံးနဲ့မရရင် တစ်လုံးနဲ့ဆက်တယ်။သူနဲ့ ပတ်သက်တဲ့ လူတွေကို ဆက်သွယ်ခိုင်းတယ်။ဒါပေမဲ့ကျွန်တော်ပြန်ကြားရတာတွေက သူ့ဘက်က ပြန်ပြီး မပတ်သက်ချင်တော့ဘူး။ သူ့ရဲ့ ပရိသတ်တွေကိုပဲ သူရွေးချယ်လိုက်တော့မယ်။ သူ့အလုပ်ကိုပဲသူအကောင်းဆုံးကြိုးစားတော့မယ်ဆိုပြီး ပြောခဲ့တာချည်းပါပဲ” လို့ ဟိန်းကိုကိုကျော်က ဇန်နဝါရီ(၁၀)ရက်နေ့က Duwun Media သို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Photo ; ဟိန်းကိုကိုကျော်

ရည်းစားဟောင်းက လမ်းခွဲပြီးနောက်မှာလည်း သူ့ကိုယ်သူ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်ဖြစ်အောင် မနည်းကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

“ ကြားထဲမှာတော့ သူ့ဘက်က ပြန်ဆက်သွယ်လာတာရှိတယ်။သူစိတ်ကောက်တာပေါ့။ မနေနိုင်ဘူးပေ့ါဆိုပြီး ပြောတာရှိတယ်။ ဒါပေမယ့် ကျွန်တော်နေသားကျတဲ့အချိန်ဖြစ်နေပြီဆိုတော့ ကျွန်တော်လည်း ရေရှည်မှာ နောက်တစ်ကြိမ် ဒီလိုမျိုးထပ်ပြီး ခံစားရမှာ ကြောက်တယ်။ အဲ့ဒါကြောင့် ကျွန်တော်အေးဆေးနေချင်တယ်ဆိုပြီးပြောခဲ့လိုက်တယ်”လိုု့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo ; ဟိန်းကိုကိုကျော်

လက်ရှိမှာ ဟိန်းကိုကိုကျော် အနေနဲ့ သူ့ကို နားလည်ပေးတဲ့ ချစ်သူတစ်ဦးပိုင်ဆိုင်နေပြီလို့ ဆိုပါတယ်။

“ကျွန်တော်စိတ်ညစ်နေတဲ့အချိန်မှာအရာရာအားလုံးကို နားလည်ပေးတဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ အခုသူနဲ့ ချစ်သူဖြစ်နေပါတယ်။ ကျွန်တော်လည်း အေးအေးချမ်းချမ်းနေနေပါပြီ။ ဘဝသစ်မှာ အေးအေးချမ်းချမ်းလေးပဲ နေပါရစေတော့။ သူကကျွန်တော့်ကို စိတ်ခွန်အားတွေပေးတယ်။ အရာရာအားလုံးကို နားလည်ပေးတယ်။ အဲ့တော့ကျွန်တော်လည်း ဘဝသစ်မှာ အေးအေးချမ်းချမ်းနေနေပါပြီ” လို့ သူက ပြောခဲ့ပါတယ်။

ဟိန်းကိုကိုကျော်ဟာ ဗီဒီယိုဖာတ်ကားတွေ ၊ ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ သတိထားခြင်းကို ခံရတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က