မကြာခင် ရုံတင်တော့မယ့် “နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ လက်မှတ်တွေကို ပရိသတ်တွေအတွက် မဲဖောက်ပေးနေတာပါ။ လက်မှတ်အရေအတွက်( ၂၅)စောင်တောင်တဲ့။
Photo : ဝတ်မှုံရွှေရည်
ဇွန်လ(၂၀) ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေ သူမရဲ့ ပရိသတ်တွေ ဦးဦးဖျားဖျား ကြည့်နိုင်အောင် စီစဉ်ပေးနေတာ ဖြစ်ပါတယ်။ဝတ်မှုံရွှေရည်က သူမရဲ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပရိသတ်တွေအတွက် လက်မှတ်အစောင်ရေ (၂၅)စောင်ကို မဲဖောက်ပေးနေတာ ဖြစ်ပါတယ်။
“
နှစ်ပတ်အလို ဇာတ်ကားကြီးရဲ့ red carpet show အတွက်ကစ်ရဲ့ပရိတ်သတ်တွေအတွက် လည်းရုံမတငိခင် ဦးဦးဖျားဖျား ကြည့်ရအောင် လက်မှတ်အရေအတွက်25 စောင် မဲဖောက်ပေးချင်ပါတယ်။ ဒီpost အောက်မှာ no စဉ်လေးတွေတပ်ပြီး comment လေးတွေရေးသွားပေးနော်။12 ရက်နေ့ည7:00 မှာမဲပေါက်သူစာရင်းကိုပြန်တင်ပေးမယ်နော်
မဲပေါက်သူများကတော့အောက်ပါလိပ်စာလေးမှာ သွားထုတ်ယူပေးနော်။
ရ
ုံးခန်း လိပ်စာ: အမှတ် ၁၁၂ , အခန်း နံပါတ် ၁၆, ပထမ ထပ်, ( ရိုးမ ဘဏ် အပေါ်ထပ်)
၈ မိုင်, မရမ်း ကုန်း မြို့ နယ် ၀၉၄၂၅၈၁၇၁၆၄ ၊ ၀၉၄၂၀၃၀၇၅၄၁” ဆိုပြီး ဇွန်လ(၁၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။
Photo : ဝတ်မှုံရွှေရည်
သူမရဲ့ လက်ဆောင်အစီအစဉ်လေးကြောင့် ပရိသတ်တွေလည်း ပျော်လို့နေပါတယ်။” နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားကြီးဟာ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ရိုက်ကူးပုံဖော်ထားပြီး ပြေတီဦး၊ ရဲအောင်၊ မင်းဦး၊ကျော်ကျော်ဗို၊ ဝတ်မှုံရွှေရည်၊အေးမြတ်သူ၊ မျိုးသန္တာထွန်းတို့က ပါဝင်ထားကြပါတယ်။
ဝ
တ်မှုံရွှေရည်က လက်ရှိမှာ ကိုရီးယားတွင် ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးလျက်ရှိပါတယ်။အဲဒီ ရုပ်ရှင်ဇာတ်ကားက “တိမ်တွေပေါ်ကပန်း” ဆိုတဲ့ ဇာတ်ကားကြီးပါ။
ဒီရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံအတွင်းက ချင်းပြည်နယ်နဲ့ တောင်ကိုရီးယားနိုင်ငံက ဘူဆန်မြို့ တို့မှာ အဓိက ရိုက်ကူးသွားမှာ ဖြစ်ပြီး ကျော်ထက်အောင်၊ Ryu Sang Wook ၊ ဝတ်မှုံရွှေရည်နဲ့ မေသန်းနု တို့က အဓိက ပါဝင်သရုပ်ဆောင်ကြမှာပါ။
Photo : ဝတ်မှုံရွှေရည်
လက်ရှိ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ ဝတ်မှုံရွှေရည်( Wutt Hmone Shwe Yi) တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။
Photo : ဝတ်မှုံရွှေရည်
ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။