processor သစ်နဲ့ထွက်ထားတာပါ

Huawei Mate 30 ဖုန်းသစ်တွေနဲ့အတူ မြူးနစ်မှာ မိတ်ဆက်သွားတဲ့ ထုတ်ကုန်တစ်ခုက Huawei Watch GT 2 ပါ။

Huawei ရဲ့ နောက်ဆုံးပေါ် LiteOS သစ်သုံးထားတဲ့ ဒီနာရီဟာ ၄၆ မီလီမီတာနဲ့၄၂ မီလီမီတာ အရွယ်အစားနှစ်မျိုးနဲ့လာပြီး နာရီမျက်နှာပြင်အဝိုင်းနဲ့ထွက်ထားပါတယ်။ ၄၆ မီလီမီတာ မော်ဒယ်ဟာ ၁.၃၉ လက်မ OLED display နဲ့၂၂ မီလီမီတာ လက်ပတ်ကြိုးနဲ့လာပါတယ်။ ပိုမိုပါးလွှာသေးသွယ်ပေ့ါပါးတဲ့ ၄၂ မီလီမီတာကတော့ ၂၀ မီလီမီတာ လက်ပတ်ကြိုးနဲ့၁.၂ လက်မ OLED display သုံးထားပါတယ်။

Photo: The Verge

နာရီနှစ်မျိုးစလုံးဟာ ပါဝါသုံးစွဲမှု နည်းပါးတဲ့ Huawei ရဲ့ ကိုယ်ပိုင် Kirin A1 chipset သစ်ကို သုံးထားပြီး GPS လမ်းညွှန်စနစ် နဲ့optical heart rate sensor များ ပါဝင်ပါတယ်။ Huawei Watch GT 2 ဟာ 5ATM rating ရထားတာဖြစ်လို့ရေအနက် မီတာ ၅၀ မှာ ၁၀ မိနစ်အထိ ရေစိမ်ခံမှာပါ။

fitness tracking နဲ့ကျန်းမာရေးစနစ်အများစုလည်း ပါပြီး ပြေးခြင်း (လမ်းပေါ် ၊ ပြေးစက်ပေါ် ၊ ပြေးလမ်းပေါ်) ၊ လမ်းလျှောက် တောင်တက် ၊ စက်ဘီးစီးခြင်း နဲ့ရေကူးခြင်း စတဲ့ workout mode ပေါင်း ၁၅ မျိုးလည်း ထောက်ပံ့ပေးထားတယ်လို့ဆိုပါတယ်။ သီချင်းနားထောင်ချင်သူတွေအတွက် ဒီနာရီတွေဟာ သီချင်းအပုဒ်ရေ ၅၀၀ ခန့်အထိ ထည့်သွင်းထားနိုင်မှာပါ။

Watch GT 2 ဟာ mic နဲ့စပီကာတစ်ခု ပါတာကြောင့် ဖုန်းခေါ်နိုင်မှာ ဖြစ်သလို ဖုန်းနဲ့မီတာ ၁၅၀ အကွာကနေလည်း လှမ်းပြီး ချိတ်ဆက်နိုင်မယ်လို့ကုမ္ပဏီက ကြေညာထားပါတယ်။ နာရီနဲ့ဖုန်းကို Bluetooth ချိတ်ပြီး ခေါ်ဆိုမယ်ဆိုရင် ၁၀ နာရီကြာခေါ်ဆိုနိုင်မယ့် ဘက်ထရီဟာ ရိုးရိုးပုံမှန်အသုံးပြုချိန်မှာ ၁၄ ရက်အထိ အားခံမယ်လို့လည်းဆိုပါတယ်။

Photo: Android Pit


42mm ဗားရှင်းဟာ RAM 16MB/storage 4GB ပါပြီး 46mm ဗားရှင်းမှာတော့ RAM 32MB အထိ ထည့်သွင်းပေးထားပါတယ်။ Huawei Watch GT 2 ဟာ Android နဲ့iOS ဖုန်းတွေနဲ့ချိတ်ဆက်နိုင်ပြီး 42mm ဗားရှင်းကို ၂၂၉ ယူရို ( မြန်မာငွေ ၃ သိန်း၈ သောင်းခွဲကျော်) နဲ့46mm ဗားရှင်းကို ၂၄၉ ယူရို ( မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က