၂၀၁၉ ခုနှစ် နှစ်သစ်ကူးပိတ်ရက်အတွက် ယခုရက်ပိုင်းကတည်းက ကြိုတင်လက်မှတ်ဝယ်ယူသူ များပြားတာကြောင့် အဝေးပြေးယာဉ်လိုင်းတစ်ချို့မှာ လက်မှတ်တွေပြတ်လတ်နေပြီလို့ သိရပါတယ်။
ဓာတ်ပုံ - ဝင်းလွင်
နှစ်သစ်ကူးပိတ်ရက်မှာ ရန်ကုန်ကနေ နယ်ပြန်မယ့်သူတွေများတဲ့အတွက် လက်မှတ်ကြိုတင်ဝယ်ယူတဲ့သူတွေ များပြားတာကြောင့် လက်မှတ်တွေ မရှိတော့ဘူးလို့ အောင်မင်္ဂလာအဝေးပြေးယာဉ်လိုင်းတွေက ပြောပါတယ်။
ယာဉ်လိုင်းအများစုအနေနဲ့ သင်္ကြန်အကြိုနေ့ (၁၃)ရက်မတိုင်ခင်နေ့တွေထဲကမှ ဧပြီလ (၈)ကနေ(၁၂)ရက်နေ့ထိ လက်မှတ်တွေအကုန် ရောင်းကုန်သွားခဲ့ပါတယ်။ အဆိုပါရက်တွေအတွက် ကြိုတင်လက်မှတ်ကို မတ်လလယ်လောက်ကတည်းက ကြိုတင်ရောင်းချခဲ့တာလည်း ဖြပါတယ်။
အချို့ယာဉ်လိုင်းတွေအနေနဲ့ကတော့ နှစ်သစ်ကူးအတွက် လက်မှတ်တွေကို April လလောက်မှ စတင်ရောင်းချမယ်လို့လည်း သိရပါတယ်။ ဒီနှစ်က မနှစ်ကထက် ခရီးသည်ပိုများတဲ့အတွက် လက်မှတ်တွေကို စတင်ရောင်းချတဲ့ရက်မှ အများဆုံး ၂ရက်အတွင်း ရောင်းကုန်ခဲ့တယ်လို့ဆိုပါတယ်။
ဓာတ်ပုံ - ဝင်းလွင်
ယာဉ်လိုင်းတွေအနေနဲ့ကလည်း သင်္ကြန်ကာလမှာ ယာဉ်အစီးရေ ထပ်မံတိုးပြီး မပြေးဆွဲပေးနိုင်တာကြောင့် နယ်ပြန်ကြမယ့်သူတွေအနေနဲ့ လက်မှတ်ကို ဦးရာလူစနစ်နဲ့ ဝယ်ယူနေကြရတာပါ။ ယခုကဲ့သို့ ကားလက်မှတ်ဝယ်ယူရမှု အခက်အခဲဟာ နှစ်စဉ် ကြုံတွေ့နေရတယ်လို့ ဆိုနိုင်ပါတယ်။ ယခုနှစ် နှစ်သစ်ကူးရုံးပိတ်ရက်တွေကတော့ ဧပြီလ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့ထိ ၅ ရက်ဖြစ်ပါတယ်။