မနှစ်ကထက်တော့ နည်းသွားမယ်လို့ ပြောရပါမယ်။

ရန်ကုန် မန္တလေးအမြန်လမ်းမကြီးမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လကုန်အထိ ယာဉ်မတော်တဆမှု ၃၀၀ နီးပါးဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၀ အထိရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က သိရပါတယ်။

 

41165912_959216587603743_5826302426138804224_n.png

၈လအတွင်းမှာ ယာဉ်မတော် တဆမှု ၂၉၇ ခုဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၇၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူ ၆၀ လောက် သေဆုံးခဲ့တယ်လို့ အမြန်လမ်းတပ်ဖွဲ့ တာဝန်ရှိသူက စက်တင်ဘာ ၇ ရက်နေ့မှာ Duwun ကိုပြောပါတယ်။



"တကယ်တော့ အမြန်လမ်းမှာ မောင်းနှင်ကျတဲ့ ဒရိုင်ဘာတွေရော ခရီးသည်တွေရော ထိုင်ခုံခါးပတ်တွေကို ပတ်ကြဖို့လိုပါတယ်။ အမြန်လမ်းမှာတော့ အရှိန်တိုင်းတာတဲ့ စက်တွေနဲ့ တိုင်းတာပြီး အရေးယူမှုတွေပြုလုပ်နေပါတယ်။"လို့ အမြန်လမ်းရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။



ရန်ကုန် - မန္တလေး အမြန်လမ်းဟာ ၆၆၄ ကီလိုမီတာရှည်လျားပြီး နေ့စဉ် ကားအစီးရေပေါင်း ၂ သောင်းလောက်နေ့စဉ်ဖြတ်သန်နေပါတယ်။ နေ့စဉ် ယာဉ်မတော်တဆမှု ၇ ခုလောက်ဖြစ်တယ်လို့လည်း အမြန်လမ်းရဲတပ်ဖွဲ့ကသိရပါတယ်။



ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲမှာတော့ အမြန်လမ်းမှာ ယာဉ်မတော်တဆမှု ၅၅၅ ခုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၁၆ ယောက်သေဆုံးခဲ့ပြီး လူ ပေါင်း ၈၆၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ယာဉ်မတော်တဆမှုပေါင်း ၇၇၄ ခုဖြစ်ပွားခဲ့ပြီး လူ ၁၇၀ သေဆုံးခဲ့ပြီး လူပေါင်း ၁၃၀၄ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။



လတ်တလောမှာတော့ အစိုးရအနေနဲ့ အမြန်လမ်းကို အဆင့်မြှင့်တင်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အကူအညီချေးငွေ ဒေါ်လာ သန်း ၁၀၀ လောက်နဲ့ အဆင့်မြှင့်တင်မှုတွေပြုလုပ်နေပါတယ်။

Share

Loading Next Article...
က္က