ဘယ်လိုပုံစံလေးတွေ တွေ့ရမလဲ။

ပရိသတ်တွေ အချစ်တော် အဆိုတော် နီနီခင်ဇော်ကို နှစ်သစ်မှာ ပုံစံအသစ်လေးနဲ့ တွေ့ရဦးမယ်လို့ သိရပါတယ်

Photo : amazing Graze



ပရိသတ်တွေအတွက် အမြဲတမ်း အသစ်အဆန်းလေးတွေ ဖြစ်အောင် စဉ်းစားတတ်သူ နီနီခင်ဇော်က နှစ်သစ်မှာ ပြောင်းလဲမှုလေးတွေ လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။အဲ့ဒီပြောင်းလဲမှုကိုတော့ နှစ်သစ်မှာ ပြုလုပ်မယ့် The Voice Myanmar 2 မှာ မြင်တွေ့ရမှာပါလို့ Duwun media သို့ ပြောပြခဲ့ပါတယ်။

“၂၀၁၉မှာ ဖက်ရှင်ပြောင်းလဲမှုလေးတွေ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ပြောင်းလဲမှုကိုတော့ the Voice Myanmar 2 မှာ တွေ့ရပါမယ်။ နီဒီတစ်ခေါက် ဖက်ရှင် ချိန်းဖြစ်မယ်လို့ စဉ်းစားထားပါတယ်။ လူငယ်ဆန် တက်ကြွတဲ့ ဖက်ရှင်ဘက်ကို သွားချင်တယ်။ နီနီက အမြဲတမ်း Evening Grown တွေနဲ့ပဲ နေခဲ့တဲ့ အဆိုတော်ဆိုတော့ အခုကျတော့ ပေ့ါပါးလူငယ်ဆန်တဲ့ဖျော်ဖြေမှု တင်ဆက်မှုတွေကို သွားချင်ပါသေးတယ်။ “ ဆိုပြီး သူမက ဒီဇင်ဘာ(၂၁) ရက်နေ့က ပြုလုပ်တဲ့ Myanmar Music Wave Festival မှာ ဖြေဆိုပေးခဲ့တာပါ။

Photo : amazing Graze

မကြာခင်မှာ ပြိုင်ပွဲဝင်အသစ်တွေနဲ့ တွေ့ဆုံရတော့မယ့် နီနီက ပြိုင်ပွဲဝင်တွေအတွက် အကြံပေး စကားလေးလည်း ပြောထားပါသေးတယ်။

“တစ်ခါတလေ အနုပညာက ထူးဆန်းပါတယ်။အသံကောင်းတိုင်းလည်း Winner မဖြစ်နိုင်ဘူး။ ကံရယ်စန်းရယ်ပရိသတ်ချစ်တာရယ်။အဲ့ဒါတွေက ဘယ်လိုမှ ဖန်တီးယူလို့မရဘူး။ ပြိုင်ပွဲဝင်တွေကို ပြောချင်တာက အများကြီး မျှော်လင့်မထားပါနဲ့။ ပြိုင်ပွဲဆိုတာက အများကြီး မျှော်လင့်ထားပြီး တစ်ကယ်တမ်း ဖြစ်မလာဘူးဆိုရင် တဘဝလုံး စား စိတ်ဓာတ်ကျသွားတတ်တယ်။ ပြိုင်ပွဲဆိုတာ ခဏတာလေးပါပဲ။ တကယ်တမ်းကျတော့ long Run ပြေးနိုင်မှ လေးအဲ့ဒါအရေးကြီးတယ်။ ထာဝရ Winner စြဖ်ဖို့ပဲ ကြိုးုစားပါ။ ပြိုင်ပွဲတစ်ခုထဲမှာပဲ Winner ဖြစ်ဖို့ အာရုံမစိုုက်ပါနဲ့လို့ပြောချင်ပါတယ်။ “ လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : amazing Graze

အနုပညာအလုပ်တွေသာမက စီးပွားရေးလုပ်ငန်းကိုပါ ဦးဆောင်နေတဲ့ နီနီခင်ဇော်အတွက် လက်ရှိမှာ အချစ်ရေးကို မစဉ်းစားနိုင်သေးဘူးတဲ့။

“ချစ်သူမထားဖြစ်တာက အလုပ်ကို ကြိုးစားတဲ့ မိန်းကလေးတွေက အတ္တများတယ်လို့ပဲ ဆိုရမလား ကိုယ့်ကိုကိုယ် ချစ်ကြတယ်။ နောက်ပြီး ကိုယ်အလုပ်ကို ကိုယ် အချိန်ပိုပေးဖြစ်တယ်။ အဲ့ဒါကြောင့် မို့ အချိန်ပိုဆိုတာလည်း ရှိလောက်မှာ မဟုတ်ဘူးလို့ နေခြည်ထင်ပါတယ်။ အခုတော့ နီနီအနုပညာကိုပဲ အာရုံစိုက်နေပါသေးတယ်။” လို့ သူမက ဆိုပါတယ်။

Photo : amazing Graze

နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလို သူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျှက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က