သရုပ်ဆောင် သင်ဇာဝင့်ကျော်က ၂၀၁၉ ခုနှစ်မှာ ချျစ်တဲ့သူတွေကို အချိန်ပိုပေးမှာ ဖြစ်သလို အပျော်အပါးတွေကိုလည်းလျော့မယ်လို့ ပြောထားပါတယ်။
Photo : သင်ဇာဝင့်ကျော် FB
သရုပ်ဆောင် သင်ဇာဝင့်ကျော်က ၂၀၁၉ ခုနှစ်မှာ သူဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို ပြောပြထားတာတွေ့ရပါတယ်။ နှစ်သစ်မှာ ချစ်တဲ့သူတွေကို အချိန်ပိုပေးမယ်ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။
“2019 မှာ အလုပ်တွေပိုလုပ်မယ်,အားကစားလဲပိုလုပ်မယ်,အိပ်ချိန်စားချိန်မှန်အောင်ကြိုးစားမယ်,ချစ်တဲ့သူတွေကိုအချိန်ပိုပေးမယ်,အပျော်အပါးလျှော့မယ်... ဖြစ်ချင်တာလေးတွေပြောကြည့်တာ ... အမွှေပေါ့... ဒါပေမဲ့ကြိုးစားပြီးလုပ်ပါ့မယ် လို့စ်!!” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇန်နဝါရီ(၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
Photo : သင်ဇာဝင့်ကျော် FB
သင်ဇာဝင့်ကျော်ဟာဖက်ရှင်တွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ များစွာ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူမက ပရိသတ်တွေကို နှစ်သစ်မှာ အရမ်း ဟော့တာတွေ မဝတ်တော့ဘူးဆိုပြီး ကတိပေးထားတာလည်း တွေ့ရပါတယ်။
“သူ့နေရာနဲ့ သူပေါ့နော်. အရမ်းကြီးတော့ မဟော့တော့ဘူး. ၂၀၁၈ မှာ ဟော့ခဲ့သလို အရမ်းကြီး ဟော့ဖို့ အစီအစဉ်တော့ မရှိတော့ပါဘူး. ပြောရမယ်ဆိုရင် ၂၀၁၈ က သင်ဇာ့အတွက် အရမ်းကို ကံကောင်းတဲ့ နှစ် တစ်နှစ်လို့ ပြောလိ့ုရပါတယ်. အလုပ်တွေလည်း အများကြီးလုပ်ရတယ်. ပရိသတ် အသစ်တွေလည်း အများကြီး ထပ်ရတယ်ပေါ့နော်. မချစ်တဲ့ ပရိသတ်တွေလည်း ချစ်လာကြတယ်ဆိုတော့ အရမ်းကိုကောင်းတဲ့နှစ်လို့ သုံးသပ်လို့ရပါတယ်'' လို့ ဒီဇင်ဘာလ ၂၇ ရက်နေ့က Realme C1 Smart Phone မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့ပါတယ်.
Photo : သင်ဇာဝင့်ကျော် FB
အဲ့ဒီနောက် ၂၀၁၉ ခုနှစ်မှာ ဖက်ရှင်နောက်တစ်မျိုး နဲ့ မြင်တွေ့ရတော့မယ့် သင်ဇာဝင့်ကျော်က သူချစ်တဲ့ ပရိသတ်တွေ အတွက် နှစ်သစ် ဆုတောင်းစကား ဆိုခဲ့တာကို တွေ့ရပါတယ်. ဒီ ဆုတောင်းကလည်း သူမ ရင်ထဲက လာတဲ့ ဆုတောင်းဖြစ်ပါတယ်.
'' ပရိသတ်တွေ နှစ်သစ်မှာ အန္တရာယ်ကင်း ဘေးရှင်းစွာ ပျော်ရွှင်နိုင်ပါစေ.လူသစ်. စိတ်သစ်. အတွေးအခေါ်အသစ် အသစ်တွေနဲ့ ကိုယ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာလည်း အမြဲတမ်း ခေါင်းမော့ပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပါစေ. အလုပ်အကိုင်တွေလည်း အစစအရာရာအဆင်ပြေပါစေ. စီးပွားရေးတွေလည်း အဆင်ပြေပါစေ. လူမှုရေး. အိမ်ထောင်ရေး. အချစ်ရေးတွေ အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်'' လို့ ဆက်လက်ပြောပြ လာပါတယ်.
Photo : သင်ဇာဝင့်ကျော် FB
သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။ သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်လျက်ရှိပါတယ်။