ဦးမောင်ကတော့ ဆုတောင်းကြမ်းတယ်နော်။

 “တိမ်တွေပေါ်ကပန်း” ရိုက်ကူးရေးအဖွဲ့တွေနဲ့ ညစာစားပွဲလုပ်ရင်း ဝတ်မှုံရွှေရည်အတွက် ဆုတောင်းစကားပေးခဲ့ပါတယ်။ ဦးမောင်ရဲ့ ဆုတောင်းစကားကိုလည်း အားလုံးက ထောက်ခံထားတာနော်။

 

Photo : ဝတ်မှုံရွှေရည် IG

အကယ်ဒမီ စင်ရော်မောင်မောင်က သရုပ်ဆောင် ဝတ်မှုံရွှေရည်ကို အိမ်ထောင်အမြန်ကျပါစေလို့ ဆုတောင်းပေးခဲ့တာပါ။ ကိုရီးယားမှာ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ရိုက်ကူးပြီးလို့ ဂုဏ်ပြုပွဲလေး လုပ်ရင်း ဝတ်မှုံရွှေရည်ကို စင်ရော်မောင်မောင်က စနောက်လိုက်တာ ဖြစ်ပါတယ်။

ဂုဏ်ပြုကိတ်ခွဲရင်းနဲ့ “မကြာခင် ဝတ်မှုံရွှေရည် ယောကျ်ားအမြန်ရပါစေ” လို့ ဆုတောင်းပေးလိုက်တာပါ။ စင်ရော်မောင်မောင်ရဲ့ ဆုတောင်းကိုလည်း အားလုံးက သဘောကျပြီး လက်ခုပ်ဝိုင်းတီးခဲ့တာကြောင့် ဝတ်မှုံရွှေရည်တစ်ယောက် ရှက်သွေးဖြာခဲ့ရပါတယ်။ 

 

Photo : ဝတ်မှုံရွှေရည် IG

ကိုရီးယားမှာ ရိုက်ကူးနေတဲ့ “တိမ်တွေပေါ်ကပန်း” ဇာတ်ကားရိုက်ကူးရေးကြီးကတော့ ပြီးဆုံးခဲ့ပါပြီ။ဆက်လက်ပြီးတော့ မြန်မာနိုင်ငံ ချင်းတောင်မှာ ဆက်လက်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ စင်ရော်မောင်မောင်က ရိုက်ကူးနေတာ ဖြစ်ပြီ ကျော်ထက်အောင်၊ Ryu Sang Wook ၊ ဝတ်မှုံရွှေရည်နဲ့ မေသန်းနု တို့က အဓိက ပါဝင်သရုပ်ဆောင်ကြမှာပါ။ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ ဝတ်မှုံရွှေရည်( Wutt Hmone Shwe Yi)ဟာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိသလို သူမကို ချစ်သူမထားစေချင်တဲ့ ပရိသတ်တွေလည်း အများကြီး ရှိလို့နေပါတယ်။

Photo : ဝတ်မှုံရွှေရည်

သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။

Share

Loading Next Article...
က္က