အလုပ်တွေ ကြိုးစားပြီး ပိုက်ဆံစုရဦးမယ်လို့ ဆိုပါတယ်။

ပိုပို ကတော့ ငယ်စဉ်ကတည်းကနေ အခုအချိန်အထိ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝအခြေအနေကို ရုပ်ရှင်အဖြစ် ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ 

Photo: Po Po



အဆိုတော်ပိုပိုကတော့ သူမရဲ့ ဘဝအကြောင်းကို ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ စိတ်ဒဏ်ရာတွေ အများကြီးကြောင့် ရင့်ကျက်လာခဲ့ရတဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ပရိသတ်သိစေချင်တယ်လို့လည်း Duwun ကနေ ပြောလာပါတယ်။ 

“ ပိုပိုက ဟိုးအရင်ကတည်းက ကိုယ့်အကြောင်းကို ရုပ်ရှင်ရိုက်ချင်တဲ့ ဆန္ဒရှိပါတယ်။ စာအုပ်လည်း ထုတ်ချင်သေးတာ။ ကလေးဘဝကတည်းကနေ အခုချိန်ထိ ဘယ်လိုတွေ ဖြတ်သန်းလာရတယ်ပေါ့။ ဘာပဲပြောပြော စိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ပါတယ်။ ဘဝမှာအရမ်းကြီး ရိုးဆင်းတဲ့ ဘဝကို ဖြတ်သန်းလာရတာတော့ မဟုတ်ဘူးပေါ့။ ဒဏ်ရာတွေ အများကြီး ကျော်ဖြတ်လာခဲ့ရတဲ့ အချိန်တွေရှိတယ်။ ဒဏ်ရာတွေ အများကြီးကြောင့်လည်း ရင့်ကျက်လာတယ်။ ဒီရင့်ကျက်မှုတွေရဲ့ နောက်ကွယ်က အကြောင်းတရားတွေကို ရိုက်ပြချင်တယ်” လို့ ဆိုပါတယ်။ 

Photo: Po Po

ပိုပိုဟာ သူမရဲ့ဘဝအကြောင်းကို မဖြစ်မနေ ရိုက်ကူးမယ့် ရည်ရွယ်ချက်ကိုလည်း နောက်ထပ် (၂) နှစ်၊ (၃) နှစ်အကြာမှ အကောင်အထည် ဖော်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

“ အများကြီးဖြစ်နေတော့ ဇာတ်လမ်းတွဲအနေနဲ့ ရိုက်ဖို့ကိုလည်း တွေးတယ်။ ရုပ်ရှင်အနေနဲ့ဆိုရင်လည်း တစ်ကားဆိုလည်း တစ်ကားစာပေါ့။ ဇာတ်လမ်းတွဲ အနေနဲ့ဆိုရင်လည်း ဇာတ်လမ်းတွဲပုံစံပေါ့။ နှစ်မျိုးစလုံး ဆိုရင်လည်း နှစ်မျိုးစလုံးပေါ့။ ဒါက ကြာတော့ ကြာဦးမယ်။ နောက်ထပ် (၂) နှစ်၊ (၃) နှစ်လောက်လည်း ဖြစ်ရင် ဖြစ်သွားနိုင်တယ်။ ဒီကာလအတွင်းတော့ မစုနိုင်ဘူး ဒီကာလ ပြီးတော့မှ အလုပ်တွေ လုပ်ရင်းနဲ့ စုရမှာပေါ့” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Po Po

ပိုပိုဟာ ငယ်စဉ်ကတည်းက အဖွား၊ အဒေါ်တွေနဲ့ ကြီးပြင်းလာခဲ့ရသူဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတိုင်းမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဂီတကို ဝါသနာပါတဲ့သူမဟာ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်လာဖို့ အများကြီး ကြိုးစားခဲ့ရတယ်လို့လည်း သိရပါတယ်။ အခုဆိုရင်တော့ Million Dreams Record Studio ရဲ့ တည်ထောင်သူ တစ်ယောက်အဖြစ် ကြိုးစားလာနိုင်ခဲ့သူဖြစ်ပါတယ်။ သူမကိုယ်တိုင်ကလည်း အရည်အချင်းရှိတဲ့ အဆိုတော်အသစ်တွေကို မြေတောင်မြှောက်ပေးနေတယ်လို့လည်း သိရပါတယ်။ 

Photo: Po Po

ပိုပိုဟာ ကိုယ်ပိုင်သီချင်းတွေဆိုရင်း နာမည်ကျော်ခဲ့တဲ့ အမျိုးသမီးအဆိုတော် တစ်ယောက်ပါပဲ။ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က