တိုက်စစ်ပိုင်းမှာ လုံလောက်တဲ့အရည်အသွေးမရှိခဲ့ဘူးလို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ စနေနေ့ညက ဝုဗ်ကို ရှုံးနိမ့်ပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ပွဲစဉ်က တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာရှယ်၊ လင်ဂတ်တို့ကို ဝေဖန်ခဲ့ပါတယ်။

နည်းပြမော်ရင်ဟို ထုတ်ပယ်ခံရပြီး ဆိုးလ်ရှား စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ချိန်ကတည်းက အဆိုးရွားဆုံးစွမ်းဆောင်ရည်တွေထဲက တစ်ခုဖြစ်ခဲ့ပြီး ဆိုးရွားတဲ့ ပထမပိုင်းအပြီးမှာ ရာအူးလ်ဂျီမီနက်ဇ်၊ ဒိုင်အိုဂိုဂျိုတာတို့ရဲ့သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

ပွဲကစားချိန်ပြည့်မြောက်တဲ့ နာကျင်အချိန်ပိုမှာ ရက်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်အတွက် ချေပဂိုး ၁ ဂိုး ပြန်လည် သွင်းယူပေးခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်က ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားလက်ထက် ပထမဆုံး ၂ ပွဲဆက်ရှုံးပွဲကို ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ယာယီနည်းပြဆိုးလ်ရှားက ယူနိုက်တက်ရဲ့တိုက်စစ်မှာ တိုက်စစ်ကစားသမား ၃ ဦးကြား အပြန်အလှန် ချိတ်ဆက်ပြီးကစားနိုင်ဖို့ လုံလောက်တဲ့ အရည်အသွေးမရှိကြောင်း ဝန်ခံခဲ့ပါတယ်။

“ကျွန်တော်တို့ အရမ်းနှေးကွေးစွာနဲ့ စတင်ခဲ့ပါတယ်။ သူတို့ရဲ့ လက်ထဲမှာ ကစားခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ဘောလုံးပိုင်ဆိုင်မှုဟာ လုံလုံလောက်လောက်မရှိခဲ့ဘဲ စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးတတိယအပိုင်း(တိုက်စစ်)ဟာ လုံလောက်တဲ့ အရည်အသွေး၊ လုံလောက်တဲ့ပေါင်းစည်းမှုမျိုး ရှိခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး”လို့ BBC Sport ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က