League of Legends World Championship 2019 ချန်ပီယံ Funplus Phoenix အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရရတဲ့လူနာတွေအတွက် ယွမ် ၂ သန်း (ကျပ် သိန်း ၄၂၀ ကျော်) ကို လှူဒါန်းခဲ့ပါတယ်။

League of Legends World Championship 2019 ချန်ပီယံ Funplus Phoenix အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရရတဲ့လူနာတွေအတွက် ယွမ် ၂ သန်း (ကျပ် သိန်း ၄၂၀ ကျော်) ကို လှူဒါန်းခဲ့ပါတယ်။


တရုတ်အခြေစိုက် League of Legends အသင်း Funplus Phoenix ဟာ World Championship ပြိုင်ပွဲကနေ ဆုကြေးငွေ ယွမ် ၅.၇ သန်းခန့်ကိုသာ ရရှိခဲ့တာဖြစ်ပြီး သူတို့ရရှိတဲ့ဆုကြေးငွေရဲ့ ၃၅ ရာခိုင်နှုန်းလောက်ကို ရက်ရက်ရောရော ပြန်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။



ဝူဟန်ဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံ ၂၇ နိုင်ငံတို့မှာဖြစ်ပွားလျက်ရှိပြီး ကူးစက်ခံရသူဦးရေ ၁၄၀၀၀ ခန့်နဲ့ သေဆုံးသူဦးရေ ၃၀၀ ကျော်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်တွင်းမှာကျင်းပမယ့် Esports ပြိုင်ပွဲကြီးတွေဖြစ်တဲ့ League of Legends Pro League, WESG: APAC Finals တို့ကိုလည်း မကြာခင်ကမှရပ်ဆိုင်းခဲ့ရပါတယ်။


ဒီကူးစက်ရောဂါအတွက် Funplus Phoenix အသင်းကလှူဒါန်းတဲ့ ယွမ် ၂ သန်းဟာ ဝူဟန်ဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဝူဟန်မြို့အတွက် ဆေးဝါးထောက်ပံ့ရာမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ အသင်းတာဝန်ရှိသူတွေကဆိုပါတယ်။


Funplus Phoenix အသင်းဟာ ၂၀၁၇ ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ LOL World Championship Finals မှာ G2 အသင်းကို အပြတ်အသတ်အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။ Esports ဟာ ကမ္ဘာတစ်ဝှမ်းမှာ တော်တော်လေးနေရာရလာတဲ့ နယ်ပယ်တစ်ခုဖြစ်ပြီး ကမ္ဘာ့နဲ့ချီတဲ့ဖြစ်ရပ်ဆိုးကြီးဖြစ်ပွားတိုင်း Esports နယ်ပယ်ထဲကလူတွေဟာလည်း အရေးတယူကူညီပေးလျက်ရှိပါတယ်။

ပြီးခဲ့တဲ့လကမှ OG CS:GO အသင်းက ကစားသမားဖြစ်သူ NBK- ဟာ ဩစတြေးလျတောမီးအတွက် အလှူငွေ ယူရို ၁၁၀၀၀ ခန့်ကို Streaming ပြုလုပ်ပြီးရှာဖွေပေးခဲ့သလို အခုတစ်ခါမှာလည်း Funplus Phoenix အသင်းက ဝူဟန်ဗိုင်းရပ်စ်အတွက် အလှူငွေ ယွမ် ၂ သန်းကို လှူဒါန်းလိုက်ပြီပဲဖြစ်ပါတယ်။ အသင်းရရှိတဲ့ဆုကြေးထဲက ကြီးမားတဲ့ရာခိုင်နှုန်းတချို့ကို လိုအပ်တဲ့နေရာမှာ လှူဒါန်းခဲ့တဲ့ Funplus Phoenix အသင်းရဲ့စေတနာကတော့ ချီးကျူးဖွယ်ရာပါပဲ။


Written by Myo Thant Kyaw

Share

က္က