ကွင်းပိတ်ကစားဖို့ထိ စီစဥ်‌‌နေကြပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျော့ချနိုင်ဖို့အတွက် ကလပ်အသင်းတွေက ကိုယ်စီ လုပ်ဆောင်နေကြတာပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်တဲ့အတွက် အသင်းသားအားလုံးကို ပရိသတ်တွေအတွက် လက်မှတ်ရေးထိုး ပေးခြင်း၊ဓာတ်ပုံအတူတွဲရိုက်ခြင်းတို့ မပြုလုပ်တော့ဖို့ ဝုလ်ဗာဟမ်တန်အသင်းက အမိန့်ထုတ်ပြန်ထားပြီး ဖြစ် တယ်လို့ Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။

ဗြိတိန်မှာတော့ လက်ရှိအချိန်ထိ ရောဂါပိုး သံသယလူနာ ၄၀သာရှိသေးပြီး ရောဂါပိုးကြောင့် စိုးရိမ်တကြီး ပွဲတွေ ရပ်နားဖို့အထိ လုပ်ဆောင်နေခြင်းတော့ မရှိသေးပါဘူး။

ဒါပေမယ့်လည်း ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပွဲတွေကို ကွင်းပိတ်ကစားဖို့အထိ လုပ်ဆောင်နေပြီလည်း ဖြစ်ပါ တယ်။

ဒါကြောင့်လည်း ပရီးမီးယားလိဂ် ကလပ်တွေက ကိုယ်စီ အစီအစဥ်တွေနဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှု လျော့ကျနိုင်ဖို့ တတ်စွမ်းသလောက် လုပ်ဆောင်နေကြပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်ကဆိုရင် နယူးကာဆယ်အသင်းက ကစားသမား တွေကို လက်ဆွဲနှုတ်ဆက်ခြင်းမပြုဖို့ တားမြစ်ခဲ့ပါတယ်။

အခု ဝုလ်အသင်းကတော့ ဝန်ထမ်းတွေနဲ့ ကစားသမားတွေအကြား မလိုအပ်ပဲ အစည်းအဝေးတွေမလုပ်ဆောင်ဖို့၊ ကြေညာမိတ်ဆက်ပွဲတွေ၊အများသွားလာနိုင်တဲ့နေရာတွေကို ရှောင်ဖို့နဲ့ ကစားသမားတွေအနေနဲ့ ပရိသတ်တွေကို လက်မှတ်ထိုးပေးခြင်း၊ဓာတ်ပုံတွဲရိုက်ခြင်းမလုပ်ဖို့ တားမြစ်ခဲ့တာပါ။

လက်ရှိအချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်မှာ ပွဲနားတာတွေမရှိသေးပေမယ့် ပတ်ဝန်းကျင်နိုင်ငံတွေမှာတော့ ပွဲရွှေ့တာတွေလုပ်နေကြပါပြီ။

Share

Loading Next Article...
က္က