အသင်းကို ကယ်တင်ဖို့ ချက်ချင်းပဲ လုပ်ဆောင်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ကတော့ ဝက်စ်ဟမ်းကို အနိုင်ယူပြီး အက်ဖ်အေဖလားကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။ ၃-၁ နဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး ၁ ဂိုး အသွင်းခံရပြီးနောက်မှာ ၃ ဂိုးဆက်တိုက်လိုက်သွင်းကာ အနိုင်ခဲ့ပြီး တန်ဟက်ဂျ်ရဲ့ အသင်းဟာ ဘယ်လိုပြိုင်ဘက်ကိုမဆို အလဲထိုးနေပြီဆိုတာကို မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဒီပွဲမှာ တန်ဟက်ဂျ်က ရက်ရှ်ဖို့ဒ်၊ မာတီနက်ဇ်၊ ဗာရန်း၊ လုခ်ရှော၊ ကက်စ်မဲရိုးတို့လို အဓိကကစားသမားအများစုကို အနားပေးခဲ့ပြီး အရန်ကစားသမားတွေကို ပွဲထုတ်ခဲ့တာပါ။ ဒါကြောင့်လည်း ယူနိုက်တက်တို့ ရုန်းကန်ခဲ့ရပြီး ဝက်စ်ဟမ်းရဲ့ ဦးဆောင်ဂိုးသွင်းမှုကို ခံခဲ့ရပြီး လူစားလဲမှုတွေ ပြုလုပ်ပြီးချိန်မှာမှ ချေပဂိုးတွေ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

တန်ဟက်ဂျ်က မာတီနက်ဇ်၊ ရက်ရှ်ဖို့ဒ်၊ ဖရက်ဒ်၊ ကက်စ်မဲရိုး၊ ဗာရန်းတို့ ၅ ဦးကို လူစားဝင်ကစားစေခဲ့ချိန်မှာတော့ ဝက်စ်ဟမ်းတို့ ဘာမှမတတ်နိုင်ဘဲဖြစ်သွားခဲ့ရပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းဘက်က ဘာနရာမာက ၅၄ မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူချိန်မှာ ချက်ချင်းဆိုသလိုပဲ အရန်ခုံတန်းက ရက်ရှ်ဖို့ဒ်က သူ့ရဲ့ ဂျာစီကို အသင်းဖော်အီလန်ဂါဆီက တောင်းယူနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

ဒါဟာ တန်ဟက်ဂျ်ရဲ့ ချေပဂိုးရဖို့အတွက် အချိန်ဆိုင်းမနေဘဲ သူ့ကစားသမားကို လူစားဝင်ခိုင်းတာဖြစ်ပြီး ရက်ရှ်ဖို့ဒ်က ၅၈ မိနစ်မှာ လူစားဝင်ကစားပေးခဲ့ပါတယ်။ သူက ယူနိုက်တက်ရဲ့ ဒီရာသီ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး တပွဲကို ၁ ဂိုးနှုန်းပုံမှန်သွင်းယူပေးနေသူဖြစ်ကာ သူ့ကို လူစားဝင်ကစားခိုင်းတော့မယ့် အနေအထားအပေါ်မှာ ပရိသတ်တွေကလည်း ဩဘာပေးခဲ့ကြပါတယ်။ 

တန်ဟက်ဂျ်ကလည်း ဒီရာသီမှာ သူ လူစားလဲပြီဆိုရင် ယူနိုက်တက်က ဂိုးတွေရပြီး ပြိုင်ဘက်ကိုအနိုင်ကစားနိုင်တယ်ဆိုတာကို အကြိမ်ကြိမ်အခါခါ သက်သေပြနိုင်ခဲ့သူပါ။ ဒီပွဲမှာလည်း ဒါကို ထပ်မံပြသသွားခဲ့ပြီး တန်ဟက်ဂျ်လူစားလဲပြီဆိုရင် ပြိုင်ဘက်တွေသတိထားတော့ဆိုတဲ့ အချက်ပေးသံလိုတောင် ဖြစ်လာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က