အတ္တလန်တာက အန်ဖီးလ်မှာ သုံးဂိုးပြတ်နဲ့ နိုင်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ အတ္တလန်တာတို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အတ္တလန်တာက ဆကာမာကာရဲ့ သွင်းဂိုးနှစ်ဂိုးအပါအဝင် အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီပွဲက ပရိသတ်တွေအတွက် ရှော့ခ်ဖြစ်စရာ ရလဒ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။



လီဗာပူးက အတ္တလန်တာကို အန်ဖီးလ်မှာ သေချာပေါက် အနိုင်ယူသွားမယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း တစ်ချိန်က ဝက်စ်ဟမ်းမှာ ကျရှုံးခဲ့ဖူးတဲ့ ဆကာမာကာက အတ္တလန်တာအတွက် ခြေစွမ်းပြပြီး နှစ်ဂိုးအထိ သွင်းယူခဲ့တာကြောင့် လီဗာပူးတို့ မရှုမလှ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

ဆကာမာကာဟာ ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းမှာ ကစားသမားဘဝ တစ်ရာသီကြာ ဖြတ်သန်းခဲ့ဖူးပါတယ်။ ဆာဆူအိုလိုမှာ ခြေစွမ်းပြခဲ့တာကြောင့် ဝက်စ်ဟမ်းက သူ့ကို အားကိုးတကြီး ခေါ်ယူခဲ့တာဖြစ်ပေမယ့် ဒီကစားသမားက ဆိုးရွားတဲ့ ခေါ်ယူမှုအဖြစ် သတ်မှတ်ခံခဲ့ရပြီး အရန်ခုံမှာပဲ အချိန်ဖြုန်းခဲ့ရပါတယ်။

အဲ့ဒါကြောင့်လည်း ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဒီတိုက်စစ်မှူးက အတ္တလန်တာကို ပြန်လည်ပြောင်းရွှေ့ခဲ့ရပါတယ်။ အတ္တလန်တာဟာ သူတို့အတွက် အားကိုးရတဲ့ တိုက်စစ်မှူး ဟွိုက်လန်းကို ယူနိုက်တက်ထံ လက်လွှတ်ခဲ့ရတာကြောင့် ဆကာမာကာကို ပြန်လည်ခေါ်ယူခဲ့ရတာပါ။

မနေ့ညကတော့ ဒီကစားသမားက လီဗာပူးဘက်ကို နှစ်ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဝက်စ်ဟမ်းမှာ ကျရှုံးခဲ့တဲ့ ကစားသမားကတောင်မှ လီဗာပူးကွင်းမှာ နှစ်ဂိုးအထိ လာသွင်းသွားတယ်ဆိုပြီးတော့ လီဗာပူးတို့ လှောင်ပြောင်ခံနေရပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က