ကာရာဘောင်းဖလားပွဲမှာ ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲခဲ့တာပါ။

သူတို့နှစ်ဥိးဟာ ပြီးခဲဲ့တဲ့ရာသီက ဝက်စ်ဟမ်းမှာ အသင်းဖော်တွေအဖြစ် အတူတူကစားခဲ့ကြပြီး အဲဒီတုန်းက လင်ဂတ်ဟာ ဒီလိုမျိုးတွေ မပြုမူခဲ့ဘူးလို့လည်း နိုဘယ်က ပြောဆိုခဲ့ပါတယ်။ 


ကာရာဘောင်းဖလားပွဲမှာ ပင်နယ်တီရဖို့အတွက် ဂျက်ဆီလင်ဂတ်လှဲချခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်အပေါ်မှာ သူ ဒေါသထွက်မိတယ်လို့ ဝက်စ်ဟမ်းကွင်းလယ်လူနိုဘယ်က ပြောဆိုလိုက်ပါတယ်။ ဝက်စ်ဟမ်းက ၁-၀ နဲ့ အဝေးကွင်းမှာ အနိုင်ရပြီး နောက်တဆင့်ကို တက်ရောက်ခဲ့ကာ လင်ဂတ်က ပွဲချိန်ဒုတိယပိုင်းမှာ နိုဘယ်ပြောဆိုသလို ပြုလုပ်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

တစ်ပတ်အတွင်းမှာပဲ နှစ်ကြိမ်ကစားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲအဖြစ် ကစားခဲ့တုန်းက လင်ဂတ်က ယူနိုက်တက်အတွက် သူရဲကောင်းဖြစ်ခဲ့့ပြီး နိုဘယ်ကတော့ ပင်နယ်တီလွဲချော်ခဲ့လို့ ဗီလိန်ဖြစ်ခဲ့ရပါတယ်။ သူတို့နှစ်ဥိးဟာ ပြီးခဲဲ့တဲ့ရာသီက ဝက်စ်ဟမ်းမှာ အသင်းဖော်တွေအဖြစ် အတူတူကစားခဲ့ကြပြီး အဲဒီတုန်းက လင်ဂတ်ဟာ ဒီလိုမျိုးတွေ မပြုမူခဲ့ဘူးလို့လည်း နိုဘယ်က ပြောဆိုခဲ့ပါတယ်။ 

အဆိုပါအဖြစ်အပျက်နဲ့ပတ်သက်ပြီး နိုဘယ်က "ဒါက ဘောလုံးပါ၊ သူ ဒိုင်ဗင်ထိုးခဲ့ပြီး ကျွန်တော်သူ့ကို ဒေါသထွက်လို့ အော်ဟစ်ခဲ့ပါတယ်၊ ကျွန်တော်တို့ဆီမှာ ကစားခဲ့တုန်းက သူ ဒီလိုတွေမလုပ်ခဲ့ပါဘူး၊ ဒါပေမယ့် ယူနိုက်တက်မှာတော့ သူ လုပ်နေတယ်၊ ကွင်းထဲမှာ ကျွန်တော်တို့ ရယ်ခဲ့ကြပါတယ်၊ ဂျက်ဆီကို ကျွန်တော်ချစ်ပါတယ်၊ သူ့မှာ အမူအကျင့်ကောင်းတွေရှိပြီး ယူနိုက်တက်ကိုပြန်ရောက်ပြီး အခွင့်အရေးရနေလို့လည်း ဝမ်းသာပါတယ်"

"အရမ်းကောင်းတဲ့ သွင်းဂိုးတချို့ကို သူ သွင်းနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့နဲ့ ပွဲက နာကျင်စရာသွင်းဂိုးမျိုးပေါ့၊ သူက အရမ်းကောင်းတဲ့ လူတစ်ယောက်ပါ၊ သူ အခွင့်အရေးတွေရဖို့ ထိုက်တန်ပါတယ်" လို့ နိုဘယ်က ပြောခဲ့ပါတယ်။ လင်ဂတ်ကတော့ ပြီးခဲ့တဲ့ရာသီမှာ ဝက်စ်ဟမ်းကို အငှားနဲ့သွားကစားခဲ့ပြီး ပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ 

ဝက်စ်ဟမ်းကို သူ့ကို အပြီးသတ် ဒါမှမဟုတ် အငှားနဲ့ထပ်မံခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ယူနို်က်တက်မှာ နေရာရဖို့အတွက် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ ဒီရာသီမှာတော့ ယူနိုက်တက်အတွက် ၄ ပွဲကစားပြီး ၂ဂိုးသွင်းယူပေးထားပါတယ်။ 

Share

Loading Next Article...
က္က