ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင်မှာ ကြိုးစားခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင်မှာ သွေးပူလေ့ကျင့်ခန်းလုပ်နေရင်း အသင်းဖော် အန်တိုနီလိုမျိုး (၃၆၀) ဒီဂရီလှည့်တဲ့အကွက်မျိုး ပြသဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီပွဲမှာ အန်တိုနီက အသေးစား ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။



အန်တိုနီဟာ နောက်ဆုံးကစားခဲ့တဲ့ ချဲလ်ဆီး၊ ရှရစ်ဖ်တို့နဲ့ပွဲမှာ သူ့ရဲ့ အထင်ကရပြကွက်တခုဖြစ်တဲ့ (၃၆၀) ဒီဂရီလှည့်တဲ့အကွက်မျိုးကို ပြသပြီး စကေးကြွယ်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက်လည်း ဝေဖန်မှုတွေခံခဲ့ရပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ခ်၊ ကလပ်နဲ့လက်ရွေးစင်အသင်းဖော် ဖရက်ဒ်၊ လက်ရွေးစင်အသင်းဖော် နေမာတို့က အန်တိုနီကို ကာကွယ်ပေးခဲ့ကြပါတယ်။


ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင်မှာတော့ ရော်နယ်ဒိုက သူ့အပေါ် လေးစားအားကျတဲ့ အန်တိုနီရဲ့ ပြကွက်အတိုင်း သွေးပူလေ့ကျင့်ခန်းလုပ်ရင်း စမ်းသပ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ ကြိုးစားမှုက မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ လှည့်ကွက်က (၃၆၀) ဒီဂရီအထိပဲ အောင်မြင်ခဲ့ပြီး နောက်တပတ် ထပ်လှည့်ဖို့ ကြိုးစားချိန်မှာတော့ မအောင်မြင်ခဲ့ဘဲ ဘောလုံးဆုံးရှုံးသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

သာမန်အားဖြင့် ဒါကို (၃၆၀) ဒီဂရီအပြည့်လှည့်တယ်လို့ပဲ ဆိုလေ့ရှိပေမယ့် အန်တိုနီက ဒါမျိုး (၂) ပတ်အထိ လှည့်ပြကာ (၇၂၀) ဒီဂရီအထိ လှည့်ပြနိုင်တာဖြစ်ပါတယ်။ အန်တိုနီဟာ ယူနိုက်တက်ကိုရောက်မှ ဒါမျိုးလုပ်တာ မဟုတ်ဘဲ အေဂျက်စ်၊ ဘရာဇီးတို့မှာ ကစားရင်းနဲ့လည်း ဒီလိုမျိုးစကေးကို မကြာခဏ ထုတ်ပြလေ့ရှိပါတယ်။

ဘရာဇီးသားတွေဟာ သာမန်အားဖြင့် အခုလိုမျိုး အများနဲ့မတူညီတဲ့ ဘောလုံးစွမ်းရည်တွေကို ပြသလေ့ရှိပြီး သူတို့ရဲ့ ကျွမ်းကျင်မှုစကေးတွေကလည်း ပရိသတ်တွေအကြား ရေပန်းစားလေ့ရှိပါတယ်။ ဒါ့အပြင် အန်တိုနီဟာ ယူနိုက်တက်မှာ သူ့ရဲ့စံပြပုဂ္ဂိုလ်အဖြစ် ရော်နယ်ဒိုကို သတ်မှတ်ထားပြီး ဒီကစားသမားကြီးနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေပါတယ်။

Share

Loading Next Article...
က္က