အချက်အလက်တွေနဲ့ သူက ထောက်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်းဂယ်ရီနဗီးလ်က ယူနိုက်တက်အတွက် ဝက်ဂ်ဟော့စ်က ရော်နယ်ဒိုထက် ပိုမိုအကျိုးပြုနိုင်တဲ့ ကစားသမားဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဂျင်မီကာရေဂါနဲ့ ဆွေးနွေးခဲ့တဲ့ Monday Night Show မှာ ကာရေဂါက လက်ရှိယူနိုက်တက်အတွက် ဝက်ဂ်ဟောစ်နဲ့ ရော်နယ်ဒိုမှာ ဘယ်သူ့ကို ပိုပြီးတော့ ရွေးချယ်ချင်လဲလို့ မေးမြန်းခဲ့တာကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

ရော်နယ်ဒိုကတော့ ယူနိုက်တက်ကနေ ဒီရာသီလယ်လောက်က ထွက်ခွာခဲ့တာဖြစ်ပြီး ဝက်ဂ်ဟော့စ်ကို တန်ဟက်ဂျ်က အငှားနဲ့ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ နဗီးလ်ဟာ အချက်အလက်တွေကို နှိုင်းယှဉ်ပြထားတဲ့ ပုံကို အသုံးပြုပြီး ကာရေဂါကို ရှင်းပြမှုတွေလုပ်ခဲ့ရာမှာ ဟော်လန်တိုက်စစ်မှူးက ရော်နယ်ဒိုထက် ဘယ်လိုမျိုး အကျိုးပိုရှိလဲဆိုတာကို ပြသခဲ့ပါတယ်။ 


နဗီးလ်က "ဝက်ဂ်ဟော့စ်က သူ ရောက်လာချိန်ကစပြီး အသင်းအတွက် ဘယ်လိုအခြေအနေမျိုးမှာမဆို ကစားခဲ့တယ်၊ သူ့ကို placeholder လို့ ငါခေါ်မယ်၊ ဘာလို့လဲဆိုတော့ ယူနိုက်တက်က သူတို့လိုအပ်တဲ့ တိုက်စစ်မှူးတဦးအတွက် ရင်းနှီးမြုပ်နှံထားတာမဟုတ်လို့ပဲ၊ ဒီမှာဆိုရင် သူ့ရဲ့ ၁၉ ပွဲနဲ့ ရော်နယ်ဒိုရဲ့ ၁၉ ပွဲကို မင်းတွေ့မှာပေါ့"

"ဝက်ဂ်ဟော့စ်က ၁၂ ပွဲနိုင်ခဲ့ပြီး ၄ပွဲသရေ၊ ၃ပွဲရှုံးခဲ့တယ်၊ သူ ၂ဂိုးပဲ သွင်းနိုင်ခဲ့ပေမယ့် အသင်းက ၃၇ ဂိုးအထိ ရခဲ့တယ်၊ ရော်နယ်ဒိုကို ကြည့်မယ်ဆိုရင် သူက ၉ ပွဲပဲနိုင်ခဲ့တယ်၊ ၃ပွဲသရေကျပြီး ၇ ပွဲရှုံးခဲ့တယ်၊ သူ ၁၁ ဂိုးရခဲ့တယ်ဆိုပေမယ့် အသင်းကတော့ ၂၃ ဂိုးတည်းသွင်းနိုင်ခဲ့တာပါ၊ ဒါက ကြီးမားတဲ့ ကွာခြားချက်ပဲ"

"ယူနိုက်တက်တိုက်စစ်မှူးဖြစ်ဖို့ ဝက်ဂ်ဟော့စ်က မလုံလောက်ပေမယ့် အသင်းကို အကျိုးအမြတ်တွေရှိအောင် လုပ်ပေးမယ့် ကစားသမားတယောက်ရှိနေတာက ဘောလုံးရဲ့ ထူးခြားမှုပါပဲ၊ ရော်နယ်ဒိုက GOAT လို့ ငါ ယုံကြည်ထားပြီးသားပါ၊ သူ ဒီရာသီမှာ အသင်းကထွက်ခဲ့ရတာကလည်း ဒီလိုအချက်အလက်တွေကြောင့်လို့ ထင်တယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


Share

Loading Next Article...
က္က