ပွဲအပြီးမှာ ရန်ပွဲဖြစ်ပွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ ဖလူမင်နိစ်တို့ရဲ့ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကတော့ ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက လေးဂိုးပြတ်နဲ့ အနိုင်ရဗိုလ်စွဲခဲ့တာပါ။



မန်စီးတီးအတွက် ဂိုးတွေကို အယ်လ်ဗာရက်ဇ်က နှစ်ဂိုးသွင်းယူပေးခဲ့ပြီး ဖိုဒန်ရဲ့ သွင်းဂိုးတစ်ဂိုး၊ ပြိုင်ဘက်နီနိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းတဲ့ တစ်ဂိုးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအတွက်ကတော့ တစ်နှစ်အတွင်း (၅) လုံးမြောက်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ဒါပေမယ့်လည်း ပွဲသိမ်းခရာမှုတ်ပြီး စက္ကန့်ပိုင်းအတွင်းမှာတင် ဝေါ်လ်ကာနဲ့ ဖလူမင်နိစ် ကွင်းလယ်လူ မယ်လိုတို့ တွန်းထိုးခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ နှစ်ယောက်အကြားကို နှစ်ဖက်ကစားသမားတွေ ဝင်ရောက် ဖျန်ဖြေခဲ့ရပြီး ဒီပြဿနာကိုတော့ ဂရီလစ်ရှ်က စတင်ခဲ့တာဆိုပြီး မယ်လိုက စွပ်စွဲထားပါတယ်။

မယ်လိုက “ရူးနေတဲ့ကောင်တွေကတော့ ဒီပြဿနာကို စခဲ့တာ ကျွန်တော်ဆိုပြီး ဆိုရှယ်မီဒီယာမှာ ရေးနေကြတာ တွေ့ပါတယ်။ ဒီနေ့မှာ ဂရီလစ်ရှ်က ဖလူမင်နိစ်ရဲ့ အနေအထားကို လေးစားမှုမရှိခဲ့ပါဘူး။​ ကျွန်တော် ဒါမျိုး ထပ်အဖြစ်မခံပါဘူး။ ဂရီမီယိုနဲ့ပွဲမှာလည်း အလားတူဖြစ်ခဲ့ဖူးပြီး ကျွန်တော် အေးအေးဆေးဆေး မေးခဲ့တာပါ။ အဲ့ဒီတုန်းကလည်း ပြဿနာစရှာတာ ကျွန်တော်ဆိုပြီး လုပ်ကြပါသေးတယ်”

“အခု ပွဲအပြီးမှာလည်း အိုလေ၊ အိုလေနဲ့ ဂရီလစ်ရှ်က အော်နေခဲ့တာပါ။ ဒါကပရိသတ်တွေအတွက်ပါ။ ပရိသတ်တွေဆိုရင် အော်ခွင့်ရှိပါတယ်။ ဒါပေမယ့် ကွင်းထဲက ကစားသမားကတော့ အခြေအနေတစ်ခုကို လေးစားမှုမရှိလို့ မရပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂရီလစ်ရှ်ကတော့ သူတစ်ခါမှ ဒါမျိုးအော်ခဲ့ဖူးခြင်းမရှိကြောင်း ငြင်းဆန်သွားခဲ့ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က