၂ကြိမ်ဆက် ကာကွယ်ပြခဲ့တာပါ။

မနေ့ကပွဲက သူ့ရဲ့လက်စွမ်းဟာ ယူနိုက်တက်ရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ် ရပ်တည်နိုင်သေးတယ်ဆိုတာကို သက်သေပြခဲ့တာလည်းဖြစ်ပါတယ်။ 


ပရီးမီးယားလိဂ်ပွဲစဉ် ၃ မှာတော့ ယူနိုက်တက်က အဝေးကွင်းမှာ ဝုလ်ကို ဂရင်းဝုဒ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ နိုင်ပွဲရဖို့အတွက် ယူနိုက်တက်ဟာ တော်တော်လေးရုန်းကန်ခဲ့ရပြီး ဝုလ်ရဲ့ခံကန်အားကိုလည်း ရင်ဆိုင်ခဲ့ရကာ မိနစ် ၈၀ မှာ သွင်းယူခဲ့တဲ့ ဂရင်းဝုဒ်ရဲ့ဂိုးကြောင့် အဝေးကွင်းမှာ အဖိုးတန်ရမှတ် ၃ မှတ်ရပြီး အိမ်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဂရင်းဝုဒ်က ယူနိုက်တက်အတွက် အနိုင် ၃ မှတ်ရယူပေးခဲ့တာဆိုရင် အသင်းမရှုံးနိမ့်ရလေအောင် လက်စွမ်းပြခဲ့သူက ဂိုးသမားဒီဂီယာလို့ ဆိုရမှာပါ။ ပွဲချိန်တလျှောက်လုံးမှာ ယူနိုက်တက်အတွက် သူက လက်စွမ်းပြခဲ့ပြီး ရိုမိန်းဆိုင်းရဲ့ အပိုင်သွင်းယူမှုကို နှစ်ကြိမ်ဆက်တိုက်ကာကွယ်ပြခဲ့ကာ အသင်းအရေးနိမ့်မယ့်အရေးကနေ ရှောင်လွှဲနိုင်စေခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် မိနစ် ၇၀ မှာ မော်တင်ဟိုရဲ့ ထောင့်ကန်ဘောကတဆင့် ဆိုင်းက ဂိုးပေါက်နဲ့အနီးဆုံးနေရာကနေ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီခေါင်းတိုက်ချက်ကို ဒီဂီယာကာကွယ်နိုင်ခဲ့ပြီး ပြန်အံထွက်လာတဲ့ဘောလုံးကို ဆိုင်းကပဲ ထပ်ဆင့်ပိတ်သွင်းယူခဲ့ရာမှာ ဒီဂီယာက ဒိုက်ထိုးပြီး ဘယ်လက်နဲ့ ထိထိမိမိပုတ်ထုတ်ခဲ့ပါတယ်။ သေချာပေါက်ဂိုးပြီလို့ ထင်မှတ်ရတဲ့အနေအထားမှာ ဒီဂီယာက အံ့အားသင့်ဖွယ်ရာစွမ်းဆောင်ပြသွားခဲ့တာဖြစ်ပါတယ်။ 



ဝုလ်ကစားသမားတွေအားလုံး ဒီဂီယာရဲ့ ကာကွယ်နိုင်ခဲ့မှုကြောင့် စက္ကန့်အနည်းငယ်ကြက်သေသေခဲ့ကြရပြီး မချိတင်ကဲဖြစ်ခဲ့ရပါတယ်။ အဆိုပါကာကွယ်မှုတွေပြီးနောက်မှာ ယူနိုက်တက်က အနိုင်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ ဒီဂီယာကိုယ်တိုင်ကလည်း သူ့ရဲ့ကာကွယ်နိုင်မှုအတွက် ကျေနပ်မိတယ်လို့ Sky Sports ကို ပြောဆိုခဲ့ပြီး ဂိုးသမားဟောင်းကြီးရှမိုက်ကယ်ကတော့ ဒီရာသီရဲ့ အကောင်းဆုံးကာကွယ်မှုဖြစ်လာမယ်လို့ တွစ်တာကတဆင့် ရေးသားချီးကျူးခဲ့ပါတယ်။ 

လျှပ်တပြက်ကန်သွင်းချက်တွေကို ဖမ်းယူရာမှာ ထူးချွန်သူ၊ သေချာပေါက်ဂိုးပေးရမယ်လို့ ထင်မှတ်ရချိန်တွေမှာ ပါးစပ်အဟောင်းသားဖြစ်စေမယ့် ကာကွယ်မှုတွေကို လုပ်ပေးနိုင်သူလို့ ဒီဂီယာက တင်စားခံခဲ့ရသူဖြစ်ပါတယ်။ မနေ့ကပွဲက သူ့ရဲ့လက်စွမ်းဟာ ယူနိုက်တက်ရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ် ရပ်တည်နိုင်သေးတယ်ဆိုတာကို သက်သေပြခဲ့တာလည်းဖြစ်ပါတယ်။ 

Share

က္က